ပရိတ်သတ်ကြီး ရေ…..အနုပညာ လောကမှာ ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားပေါင်များစွာ ကို ကျရာ ဇာတ်ရုပ်တိုင်း မှာ ပီပြင် ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်တဲ့အတွက်ပရိတ်သတ် အားပေး ချစ်ခင်မှုကို အပြည့်အဝ ရရှိခဲ့တဲ့ အပြင် အကယ်ဒမီ ထူးချွန် ဆုကြီးကို လည်း ထိုက်ထိုက် တန်တန် နဲ့ ရရှိခဲ့တဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ် နော်။ခန့်စည်သူ ဟာဆိုရင် ယခု လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မလှုပ်ရှားတဲ့ အပြင် လူမှု့ ကွန်ယက်စာမျက်နှာ ကနေပါ Speak Out မလုပ်တဲ့ အတွက် ပရိတ်သတ်တွေ ရဲ့ ဝေဖန်ပြောဆိုမှု တွေကို အပြင်းအထန်ခံ ခဲ့ရတာပဲ ဖြစ်ပါတယ်။

ခန့်စည်သူ က ပရိတ်သတ် တွေ သူ့ကို ပြောဆိုနေတာ တွေကို မတုန့်ပြန်ပဲ အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေ ကို စားနပ်ရိက္ခာ များအစဉ် မပြတ် သွားရောက် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်နော်။သူတို့ရဲ့ အနုပညာ လောကထဲ မှ အနုပညာရှင် ကြီးတွေကိုလည်း သူတတ် နိုင်သလောက် ကိုယ်တိုင်သွားရောက်ဂါရဝ ပြုခဲ့တာကို လည်းတွေ့ မြင်ခဲ့ရပါ သေးတယ်နော်။

အခု လတ်တလောမှာ ဆိုရင်လည်း ခန့်စည်သူ ကို မြန်မာနိုင်ငံ ရဲ့ ရုပ်ရှင်အစည်းအရုံးမှာ ယာယီ ဥက္ကဌအဖြစ် တာဝန်ပေးအပ် ခဲ့တာပဲဖြစ်ပါတယ် နော်။အဲ့ဒီလိုတာဝန် ပေးအပ်တာ နဲ့ ပတ်သက်ပြီး ပရိတ်သတ် တွေရဲ့ဝေဖန် ပြောဆိုမှု့ တွေအပြင် အနုပညာရှင် တွေကပါ အစည်းအရုံး မှ အသီးသီး နှုတ်ထွက်ကုန် ကြတာပဲဖြစ်ပါ တယ်နော်။အဲ့ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဒီက နေ့မှာတော့ ခန့်စည်သူ က ရုပ်ရှင် အ စည်းအရုံး မှ ပေးအပ် ထားတဲ့ ယာယီ ဥက္ကဌတာဝန် မှ နှုတ်ထွက်ခွင့်ပြုပါရန် တောင်းဆို လိုက်တာပဲ ဖြစ်ပါတယ် နော်..။ပရိတ်သတ်တွေ ကလည်း ခန့်စည်သူ ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ပြောဆိုထားတာ ကိုလည်း တွေ့ရပါသေးတယ်နော်။ခုလို ခန့်စည်သူ တစ်ယောက် ဥက္ကဌ ရာထူး မှ နှုတ်ထွက်သွားတဲ့ အပေါ်ပရိတ်သတ်တွေ ရဲ့ ထင်မြင်ချက်တွေ ကိုလည်း ပြောခဲ့ပါအုံးနော်..။ဖတ်ရှုပေးတဲ့ပရိသတ်တစ်ယောက် ချင်းစီတိုင်း ကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Credit ; Celebrity Platforms

ZAWGYI



