ပရိသတ္ႀကီးေရ.. လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေန ေတြေၾကာင့္ ျပည္သူေတြ အမ်ားအျပား လမ္းေပၚ ထြက္ကာ လူထု လႈပ္ရွားမႈေတြ ျပဳလုပ္ေနၾကတာလည္း ေတာ္ေတာ္ မ်ားမ်ား ေတြ႕ျမင္ၾက ရပါတယ္ေနာ္..။လူမ်ိဳး ဘာသာမေရြး ျပည္သူေတြ နဲ႔ အတူ လူထု လႈပ္ရွားမႈေတြ ျပဳလုပ္ေနၾကသူ ေတြထဲမွာ တက္သစ္စအႏုပညာရွင္ ေတြအျပင္ အႏုပညာ ေလာကမွာ ဆယ္စုႏွစ္ ေတြကတည္းက ယေန႔ အခ်ိန္ထိ ဇာတ္ကားေတြ မ်ားစြာ ရိုက္ကူးထားၿပီး အကယ္ဒမီ ထူးခၽြန္ဆုေတြကိုပါ ဆြတ္ခူးထားတဲ့ ဒိတ္ဒိတ္ ၾကဲအႏုပညာရွင္ ေတြလည္း ပါဝင္ပါတယ္ေနာ္..။

အခုတစ္ခါ မွာလည္း ျပည္သူေတြ နဲ႔ တစ္သားတည္း ရပ္တည္ ေနၾကကာ လႈပ္ရွားမႈေတြ ျပဳလုပ္ေနၾကတဲ့ အႏုပညာရွင္ ေတြဟာ ဗဟိုဘဏ္ ေရွ႕မွာ ကိုယ္တိုင္သြားေရာက္ၿပီး လက္ရွိ ႐ုံးတက္ ေနၾကတဲ့ ဝန္ထမ္း ေတြကို CDM မွာပါဝင္ ေပးၾကဖို႔ ေတာင္းဆို တိုက္တြန္းေနတာ ေတြ႕ရပါတယ္.. ။သ႐ုပ္ေဆာင္၊ ဂီတနဲ႔ သဘင္ အႏုပညာရွင္ ေတြအျပင္ အျခားေသာ နယ္ပယ္ အသီးသီးက အႏုပညာရွင္ ေတြမ်ားစြာလည္း ပါဝင္ၿပီး ဝန္ထမ္းေတြကို ျပည္သူေတြ နဲ႔ အတူ ပူးေပါင္းေပးဖို႔အတြက္ ပူျပင္းလြန္းတဲ့ ေနပူပူထဲမွာ အပင္ပန္း ခံကာ ႀကိဳးစား တိုက္တြန္း ေနၾကတာပါ..။

ျပည္သူေတြ နဲ႔ အတူ ရပ္တည္ ၾကဖို႔ ေတာင္းဆိုေန ၾကတဲ့ သူတို႔အႏုပညာရွင္ ေမာင္ႏွမေတြ ရဲ့ ပုံရိပ္ေလးေတြ နဲ႔ ဗီဒီယိုဖိုင္ ေလးေတြကိုလည္း လူမင္းက ပရိသတ္ေတြကို ေဝမၽွ ထားတာပဲ ျဖစ္ပါတယ္ေနာ္..။အဲ့ဒီပို႔စ္ ေအာက္မွာ ပရိသတ္ေတြ ကလည္း အားလုံး နဲ႔ အတူ တစ္သားတည္း ရပ္တည္ၿပီး ကိုယ္တိုင္ပါဝင္လႈပ္ရွားေနၾကတဲ့ သူတို႔အဖြဲ႕ရဲ့ ႀကိဳးစားမႈ ေလးေတြကို အားေပးေထာက္ ခံ ေနၾကတာကို လည္း ေတြ႕ရပါတယ္ေနာ္..။

သတင္းအရင္းျမစ္: Ayarwady Lu Min’s Fb Acc

UNICODE

ပရိသတ်ကြီးရေ.. လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် ပြည်သူတွေ အများအပြား လမ်းပေါ် ထွက်ကာ လူထု လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာလည်း တော်တော် များများ တွေ့မြင်ကြ ရပါတယ်နော်..။လူမျိုး ဘာသာမရွေး ပြည်သူတွေ နဲ့ အတူ လူထု လှုပ်ရှားမှုတွေ ပြုလုပ်နေကြသူ တွေထဲမှာ တက်သစ်စအနုပညာရှင် တွေအပြင် အနုပညာ လောကမှာ ဆယ်စုနှစ် တွေကတည်းက ယနေ့ အချိန်ထိ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားပြီး အကယ်ဒမီ ထူးချွန်ဆုတွေကိုပါ ဆွတ်ခူးထားတဲ့ ဒိတ်ဒိတ် ကြဲအနုပညာရှင် တွေလည်း ပါဝင်ပါတယ်နော်..။

အခုတစ်ခါ မှာလည်း ပြည်သူတွေ နဲ့ တစ်သားတည်း ရပ်တည် နေကြကာ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတဲ့ အနုပညာရှင် တွေဟာ ဗဟိုဘဏ် ရှေ့မှာ ကိုယ်တိုင်သွားရောက်ပြီး လက်ရှိ ရုံးတက် နေကြတဲ့ ဝန်ထမ်း တွေကို CDM မှာပါဝင် ပေးကြဖို့ တောင်းဆို တိုက်တွန်းနေတာ တွေ့ရပါတယ်.. ။သရုပ်ဆောင်၊ ဂီတနဲ့ သဘင် အနုပညာရှင် တွေအပြင် အခြားသော နယ်ပယ် အသီးသီးက အနုပညာရှင် တွေများစွာလည်း ပါဝင်ပြီး ဝန်ထမ်းတွေကို ပြည်သူတွေ နဲ့ အတူ ပူးပေါင်းပေးဖို့အတွက် ပူပြင်းလွန်းတဲ့ နေပူပူထဲမှာ အပင်ပန်း ခံကာ ကြိုးစား တိုက်တွန်း နေကြတာပါ..။

ပြည်သူတွေ နဲ့ အတူ ရပ်တည် ကြဖို့ တောင်းဆိုနေ ကြတဲ့ သူတို့အနုပညာရှင် မောင်နှမတွေ ရဲ့ ပုံရိပ်လေးတွေ နဲ့ ဗီဒီယိုဖိုင် လေးတွေကိုလည်း လူမင်းက ပရိသတ်တွေကို ဝေမျှ ထားတာပဲ ဖြစ်ပါတယ်နော်..။အဲ့ဒီပို့စ် အောက်မှာ ပရိသတ်တွေ ကလည်း အားလုံး နဲ့ အတူ တစ်သားတည်း ရပ်တည်ပြီး ကိုယ်တိုင်ပါဝင်လှုပ်ရှားနေကြတဲ့ သူတို့အဖွဲ့ရဲ့ ကြိုးစားမှု လေးတွေကို အားပေးထောက် ခံ နေကြတာကို လည်း တွေ့ရပါတယ်နော်..။

သတင်းအရင်းမြစ်: Ayarwady Lu Min’s Fb Acc