



UNICODE

ပရိသတ် အချစ်တော် နိုင်ငံကျော် တေးသံရှင် အိမ့်ချစ် ကတော့ အသံပါဝါ အားကောင်းကောင်း နဲ့ သီချင်း တွေ သီဆို ဖန်တီးပြီး ပရိသတ်တွေ ရဲ့ ရင်ထဲ ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမ ဟာ ဝါရင့် တေးသံရှင် တစ်ဦး ဖြစ်တဲ့ အဆိုတော် ကြီး ချစ်ကောင်း ရဲ့ သမီး တစ်ဦး ဖြစ်ပြီး ဖခင် ရဲ့ လမ်းညွှန်အောက် မှာ ကြီးပြင်းလာပြီး အခုဆို အနုပညာ အလုပ် တွေကို လုပ်ကိုင်ရင်း ဘဝခရီးလမ်း ကို ဆက်လျှောက်နေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ အသံ ပါဝါအား ကောင်းမှု ကတော့ ပြည်တွင်း တွင်သာ မက ပြည်ပ ထိ နိုင်ငံကိုယ်စား ပြု သွားရောက် ယှဉ်ပြိင်ခဲ့ပြီး ဆုတွေကို ရယူပေး ခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေး မီကလည်း သူမ ပေါ် ကြင်နာ ယုယပြီး ဂရုစိုက်တတ်တဲ့ ခင်ပွန်းသယ် နဲ့ အိမ်ထောင်ပြုခဲ့ ပြီး သာယာတဲ့ ဘဝလေးကို တည်ဆောက် ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလော မှာလည်း အမိုက်စား ဖက်ရှင်တွေ ဝတ်ပြီး ချပြကာ ပရိသတ်တွေ နဲ့ အဆက်အသွယ်မပျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာ လည်း အကြိမ်ကြိမ် အခါအခါ ပြန်ကြည့်ချင် ရလောက်အောင် အမိုက်စား ဖက်ရှင်ကြီး ဝတ်ကာ နေကာမျက်မှန် တပ်ပြီး အရမ်းကို ဂေါ်နေတဲ့ ပုံလေးတွေကို ” Telenor Myanmar Countdown 2021 ပွဲအတွက် အကတိုက် ပြီးပြီ 31ရက် နေ့ည MRTV-4 Channel ကနေစောင့်ကြည့်အားပေးပါနော် ” လို့ခေါင်းစဉ် လေးတပ်ကာ မျှဝေလာတာ ကို ပရိသတ်ကြီး တို့အတွက် ပြန်လည် မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Eint Chit Facebook Page