


Photo – Nann Myat Phyo Thin

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်ကိုအခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို ချစ်ကြလို့ ယနေ့အထိ အားပေးချစ်ခင်နေကြဆဲပါ..။

ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကိုအစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားမှာဖြစ်ကြောင်း ကိုလည်း အမြဲပြောလေ့ရှိတာကြောင့် အားလုံးက လေးစားနေကြတာပါ။ ဒါ့အပြင်သားတွေ သမီးတွေရဲ့ ချစ်စရာပုံလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိပါတယ်..။

အခုလည်း ကလေးသဘာဝအတိုင်း ပစ္စည်းအပြိုင်လုနေကြတဲ့ မောင်နှမနှစ်ယောက်ရဲ့ ချစ်စရာ ဗီဒီယိုလေးနဲ့အတူ ” ဂျက်နဲ့ဂျူးလေးကိုလွမ်းနေကြပီထင်တယ် နန်းမြတ်တော့အဲ့မောင်နှမပစ္စည်းလုတဲ့ကြား ဗျာများနေရတာပါပဲ အကိုကလဲသူ့ညီမကိုကလိချင် ညီမကလဲအကိုကလုပ်လွန်းတော့ အကိုအနားကပ်လာတာနဲ့ အာပြဲကြီးနဲ့အော်တော့တာပဲ သူတို့နှစ်ယောက်ပဲရှင်းနေရတယ် 😅 မောင်နှမတွေအားလုံးအဲ့လိုပဲထင်တယ်နော် ” ဟုဆိုတဲ့စာလေးကို ရေးသားထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Yaungchi