


Source – Poe Ei Ei Khant,သက်ကြီးမျက်မမြင် ခိုကိုးရာ ရိပ်သာ

ချစ်လှစွာသော ပရိသတ်ကြီးရေ အောင်သူနဲ့ ပိုးအိအိခန့်ကတော့ ပရိသတ်တွေချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ချစ်စရာစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၂၂) ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်အောင်သူရဲ့ မွေးနေ့ရက်မြတ်လေးကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ခဲ့ပါတယ်..။

အောင်သူနဲ့ ပိုးအိအိခန့်ကတော့ အောင်သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပြီး မွေးနေ့ကို အေးချမ်းစွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ဒီနေ့မှာလည်း ပိုးအိအိခန့်ကတော့ သက်ကြီးမျက်မမြင်ခိုကိုးရာရိပ်သာမှာ ခင်ပွန်းဖြစ်သူအောင်သူရဲ့ မွေးနေ့အလှူလေးပြုလုပ်ခဲ့သေးကြောင်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်..။

သက်ကြီးမျက်မမြင်ခိုကိုးရာရိပ်သာရှိ သံဃာတော်များ အဖိုးအဖွားများအား အဆာပြေစားစရာများနှင့်ဆပ်ပြာမှုန့် သွားတိုက်ဆေးများ တန်ဖိုးငွေ (100000) ကျပ် ကျန်းမာရေးအလှူငွေ (50000) ကျပ် အဟာရအလှူငွေ (50000) ကျပ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အောင်သူတို့ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleGabar