


Source – Thandar Zaw

ချစ်လှစွာသော ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ မနေ့ကညနေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပီတိဖြစ်ဖွယ်ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ သူ့ရဲ့နေအိမ်နားမှာရှိတဲ့ ခွေးလေးတွေကို အဟာရဒါနအစာကျွေးကုသိုလ်ပြုခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်..။

အလှူအတန်းရက်ရောပြီး လူတိုင်ကို ကူညီတတ်တဲ့အပြင် တိလေးတွေအပေါ်မှာလည်း စာနာသနားတတ်တဲ့ ဘေဘီမောင်ကတော့ အမြဲလိုလို သူ့ရဲ့အိမ်နားက ခွေးလေးတွေကို အစာကျွေးကုသိုလ်လေးပြုလုပ်နေခဲ့ပါတယ်။ ဘေဘီကတော့ မနေ့ကခွေးလေးတွေကို အစာကျွေးတဲ့ အချိန်မှာလည်း ပီတိတွေဖြစ်ကာချစ်ရတဲ့ပရိသတ်တွေလည်း မွန်မြတ်တဲ့ဒီကုသိုလ်လေးကို ထပ်တူရရှိစေဖို့ မျှဝေခဲ့တာပဲဖြစ်ပါတယ်..။

ဘေဘီရဲ့ တိလေးတွေကို အစားကျွေးကုသိုလ်ယူခဲ့တဲ့ ဒီဗီဒီယိုဖိုင်လေးကတော့ ကြည့်ရတဲ့သူတွေအတွက်ပါ ကြည်နူးပီတိတွေကူးစက်စေတဲ့အထိကို ဖြစ်စေခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဘေဘီမောင်ရဲ့ ကြည်နူးပီတိဖြစ်ဖွယ်ခွေးလေးတွေကို အဟာရဒါနပြုခဲ့တဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone