


Source – Bhone Hlyan

ချစ်လှစွာသော ပရိသတ်ကြီးရေ ဘုန်းလျှံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ဘုန်းလျှံကတော့ လက်ရှိမှာ ချစ်ဇနီးလေးနဲ့အတူ သာယာပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်ရှင်ဘဝလေးကို ဖန်တီးတည်ဆောက်ထားခဲ့ပါတယ်..။

ဘုန်းလျှံကတော့ ချစ်ဇနီးလေးနဲ့အတူ ကောင်းမှုကုသိုလ်တွေကို မပြတ်တမ်းလိုလို ပြုလုပ်နေခဲ့ပါတယ်။ လတ်တလောမှာလည်း ဘုန်းလျှံကတော့ ဇနီးချောလေးနဲ့အတူ မြောက်ဦးဆရာတော်ဘုရားကြီးရဲ့ မေတ္တာရိပ်အောက်မှာ မနေ့က မေလ (၂၈) ရက်နေ့ကနေ စလို့ သေရည်သေရက်ရာသက်ပန် စွန့်လွှတ်ပြီး ဆရာတော်ကြီးအား ဒီကုသိုလ်တွေကို လှူဒါန်းခဲ့ပါတယ်..။

ဘုန်းလျှံကတော့ မနေ့က နေ့ရက်မြတ်လေးဟာ သူ့အတွက်တော့ တကယ်ကို တန်ဖိုးရှိလွန်းလှတဲ့ နေ့ရက်လေးတစ်ရက်ပဲဖြစ်ပါတယ်တဲ့။ ပရိသတ်ကြီးရေ ဘုန်းလျှံကတော့ တကယ်ကို လိမ္မာနေပြီး သူ့ရဲ့လုပ်ရပ်လေးကလည်း သာဓုအကြိမ်ကြိမ်ခေါ်ရလောက်အောင် မွန်မြတ်လွန်းလှပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone