


Source – Eaint Chit

ချစ်လှစွာသော ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အချစ်တော် အဆိုတော်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ လက်ရှိမှာ သမီးဦးလေးကို ကိုယ်ဝန်လွယ်ထားရတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်..။

အိမ့်ချစ်ရဲ့ ကိုယ်ဝန်ကတော့ လက်ရှိမှာ (၇) လရှိနေခဲ့ပြီဖြစ်ပြီး မကြာခင်အချိန်မှာ သမီးလေးကို မွေးဖွားတော့မှာဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါသေးတယ်။ အိမ့်ချစ်ကတော့ ဒီနေ့မှာ သူ့ရဲ့ သမီးလေးကို နာမည်လှလှလေးပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေလည်း သိရှိရအောင် မျှဝေဖော်ပြလာခဲ့ပါတယ်..။

အိမ့်ချစ်ကတော့ “ သမီးလေး နာမည်ကို ‘အမရာ’ Amara လို့ပေးမယ် ” ဟုဆိုပြီးစာလေးနဲ့အတူကိုယ်ဝန် (၇) လရှိနေပြီဖြစ်တဲ့ သူ့ရဲ့လက်ရှိပုံလေးတွေကိုပါ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မေမေအိမ့်ချစ်ရဲ့ သမီးလေးနာမည်က အမရာတဲ့ လှလိုက်တဲ့ နာမည်လေးပါပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleGabar