


Source- MayMyintMo

ချစ်လှစွာသော ပရိသတ်ကြီးရေ မေမြင့်မိုရ်ကတော့ ပန်းနုသွေးအနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရကာ အရိပ်ဇာတ်လမ်းတွဲမှာလည်း စုစုလှိုင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကားမှာလည်း အစော ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးပါ။ Star Awards 2018 Rising Star ဆုကိုလည်းပိုင်ဆိုင်ထားသူပါ..။

အမြဲအနေအေးပြီး တည်ငြိမ်ရင့်ကျက်တဲ့ မေမြင့်မိုရ်ကိုပရိသတ်တွေက ချစ်စနိုးနဲ့မေလေးလို့လည်းခေါ်ကြတာပါ။ ဒါ့အပြင်အခုနောက်ပိုင်းမှာသူမရဲ့တစ်နေ့တာ vlog လေးတွေလည်းရိုက်ကူးကာ ချစ်တဲ့ပရိသတ်တွေကိုပြန်လည်ချပြလေ့ရှိတာပဲဖြစ်ပါတယ်..။

လူကြီးမိဘဆရာသမားတွေအပေါ် အမြဲရိုသေတတ်တဲ့မေလေးကတော့ ဒီနေ့ကျရောက်တဲ့သူမရဲ့ဖေဖေမွေးနေ့အတွက် ” Happy Birthday Dear Daddy ❤️🎂 To the most amazing man I’ve ever known, how lucky I am to be your baby girl 🥰 မွေးနေ့မှာပျော်ရွှင်ပါစေ Daddy မွေးနေ့ပေါင်းများစွာကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ 🎁🎈 စိတ်ချမ်းသာပြီးအသက်ရာကျော်ရှည်ပါစေ ” ဟုဆိုတဲ့စာလေးနဲ ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။ ပရိသတ်တွေလည်း မျေလးရဲ့ဖေဖေအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit- CeleGabar