ခ်စ္လွစြာေသာပရိသတ္ႀကီးေရ ေနာ္မာသထူးဝါးေလးဟာဆိုရင္ ျမန္မာနိုင္ငံမွာ သာမက ေတာင္ကိုရီးယား နိုင္ငံမွာပါ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ သက္ငယ္ အဆိုေတာ္ေလး ျဖစ္ပါတယ္။ ေနာ္မာသထူးဝါးေလးက ထိုင္းနိုင္ငံ ဒုကၡသည္ စခန္းကေန ေတာင္ကိုရီးယားနိုင္ငံကို မိခင္ႀကီး မမိုင္ ၊ ေမာင္ေလး ႏွစ္ေယာက္နဲ႔ အတူ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ “အိမ္ကေလးတစ္လုံးလိုခ်င္တယ္” သီခ်င္းကို သီဆိုခဲ့တဲ့ ေနာ္မာသထူးဝါးေလးဟာ သူမ လို ခ်င္တဲ့အိမ္ေလးကို ရရွိခဲ့တဲ့ အခ်ိန္မွာပဲ မိခင္ႀကီးက မရွိရွာေတာ့ပါဘူး….။

မာသထူးဝါးေလးရဲ့ ဖခင္ႀကီးကလည္း မာသထူးဝါးေလး ငယ္စဥ္ကတည္းက ကြယ္လြန္သြားတာျဖစ္ပါတယ္။ မိဘႏွစ္ပါးလုံး မရွိေတာ့တဲ့ ေနာ္မာသထူးဝါးေလးက အသက္ ၁၅ ႏွစ္အရြယ္သာ ရွိေသးေပမယ့္ အမႀကီး အမိရာ ပီပီ စိတ္ကို ႀကိဳးစား အားတင္းေနတာကိုလည္း ဓာတ္ပုံေလးထဲမွာ အတိုင္းသားေတြ႕ရပါတယ္။ မာသထူးဝါးေလးရဲ့ မိခင္ႀကီး မမိုင္ဟာဆိုရင္လည္း သူမကိုယ္သူမ ေမ့သြားေလာက္တဲ့ အထိကို သားသမီးေလးေတြကို ဂ႐ုစိုက္မႈ အျပည့္ ေပးခဲ့တဲ့ မိခင္ေကာင္းျဖစ္ပါတယ္….။

ေနာ္မာသထူးဝါးေလးက မိခင္ႀကီး နာမက်န္း ျဖစ္ေနတဲ့ အခ်ိန္မွာလည္း မိခင္ႀကီးရဲ့ နာၾကင္မႈ ေဝဒနာ သက္သာေစဖို႔ အသံခ်ိဳခ်ိဳေလးနဲ႔ သီခ်င္းေကာင္းေလးေတြ သီဆိုေပးေနၾကျဖစ္ပါတယ္။အခု မိခင္ႀကီးရဲ့ ဈာပန ဆုေတာင္းပြဲမွာလည္းမာသထူးဝါးေလးက သူမကိုယ္တိုင္ သီခ်င္းေလးဆိုၿပီး ဂုဏ္ေတာ္ ခ်ီးက်ဴးေပးခဲ့တာျဖစ္ပါတယ္။ မိခင္ႀကီးကို ေအာင့္ေမ့ သတိရတဲ့ ခံစားခ်က္ အျပည့္နဲ႔ ခရစ္ယာန္ ဓမၼ သီခ်င္းေတာ္ကို ရင္နဲ႔ခံစားၿပီး သီဆိုေနခဲ့တဲ့မသထူးဝါးေလးတစ္ေယာက္ အသံေတြေတာင္ တုန္ရီေနခဲ့ပါတယ္…။

မာသထူးဝါး ေလးရဲ့ မိခင္ႀကီး မမိုင္ဟာဆိုရင္ အသည္း ကင္ဆာေရာဂါနဲ႔ ေမလ ၂၉ ရက္ေန႔မွာ ခရစ္ေတာ္၌အိပ္ေပ်ာ္သြားခဲ့တာ ျဖစ္ပါတယ္။ မိခင္ႀကီး မမိုင္ ကြယ္လြန္သြားခ်ိန္ မွာ အသက္ ၁၅ ႏွစ္အရြယ္မာသထူးဝါးေလးဆီမွာ အသက္ ၁၃ ႏွစ္အရြယ္ေမာင္ေလးနဲ႔ ၁၁ ႏွစ္အရြယ္ ေမာင္ေလး ႏွစ္ေယာက္ က်န္ရစ္ခဲ့ပါတယ္…။

Credit ; MMLoad

ချစ်လှစွာသောပရိသတ်ကြီးရေ နော်မာသထူးဝါးလေးဟာဆိုရင် မြန်မာနိုင်ငံမှာ သာမက တောင်ကိုရီးယား နိုင်ငံမှာပါ အောင်မြင်ကျော်ကြားနေတဲ့ သက်ငယ် အဆိုတော်လေး ဖြစ်ပါတယ်။ နော်မာသထူးဝါးလေးက ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းကနေ တောင်ကိုရီးယားနိုင်ငံကို မိခင်ကြီး မမိုင် ၊ မောင်လေး နှစ်ယောက်နဲ့ အတူ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ “အိမ်ကလေးတစ်လုံးလိုချင်တယ်” သီချင်းကို သီဆိုခဲ့တဲ့ နော်မာသထူးဝါးလေးဟာ သူမ လို ချင်တဲ့အိမ်လေးကို ရရှိခဲ့တဲ့ အချိန်မှာပဲ မိခင်ကြီးက မရှိရှာတော့ပါဘူး….။

မာသထူးဝါးလေးရဲ့ ဖခင်ကြီးကလည်း မာသထူးဝါးလေး ငယ်စဉ်ကတည်းက ကွယ်လွန်သွားတာဖြစ်ပါတယ်။ မိဘနှစ်ပါးလုံး မရှိတော့တဲ့ နော်မာသထူးဝါးလေးက အသက် ၁၅ နှစ်အရွယ်သာ ရှိသေးပေမယ့် အမကြီး အမိရာ ပီပီ စိတ်ကို ကြိုးစား အားတင်းနေတာကိုလည်း ဓာတ်ပုံလေးထဲမှာ အတိုင်းသားတွေ့ရပါတယ်။ မာသထူးဝါးလေးရဲ့ မိခင်ကြီး မမိုင်ဟာဆိုရင်လည်း သူမကိုယ်သူမ မေ့သွားလောက်တဲ့ အထိကို သားသမီးလေးတွေကို ဂရုစိုက်မှု အပြည့် ပေးခဲ့တဲ့ မိခင်ကောင်းဖြစ်ပါတယ်….။

နော်မာသထူးဝါးလေးက မိခင်ကြီး နာမကျန်း ဖြစ်နေတဲ့ အချိန်မှာလည်း မိခင်ကြီးရဲ့ နာကြင်မှု ဝေဒနာ သက်သာစေဖို့ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုပေးနေကြဖြစ်ပါတယ်။အခု မိခင်ကြီးရဲ့ ဈာပန ဆုတောင်းပွဲမှာလည်းမာသထူးဝါးလေးက သူမကိုယ်တိုင် သီချင်းလေးဆိုပြီး ဂုဏ်တော် ချီးကျူးပေးခဲ့တာဖြစ်ပါတယ်။ မိခင်ကြီးကို အောင့်မေ့ သတိရတဲ့ ခံစားချက် အပြည့်နဲ့ ခရစ်ယာန် ဓမ္မ သီချင်းတော်ကို ရင်နဲ့ခံစားပြီး သီဆိုနေခဲ့တဲ့မသထူးဝါးလေးတစ်ယောက် အသံတွေတောင် တုန်ရီနေခဲ့ပါတယ်…။

မာသထူးဝါး လေးရဲ့ မိခင်ကြီး မမိုင်ဟာဆိုရင် အသည်း ကင်ဆာရောဂါနဲ့ မေလ ၂၉ ရက်နေ့မှာ ခရစ်တော်၌အိပ်ပျော်သွားခဲ့တာ ဖြစ်ပါတယ်။ မိခင်ကြီး မမိုင် ကွယ်လွန်သွားချိန် မှာ အသက် ၁၅ နှစ်အရွယ်မာသထူးဝါးလေးဆီမှာ အသက် ၁၃ နှစ်အရွယ်မောင်လေးနဲ့ ၁၁ နှစ်အရွယ် မောင်လေး နှစ်ယောက်ကျန်ရစ်ခဲ့ပါတယ်…။

Credit ; MMLoad