Source – RebeccaWin
ချစ်လှစွာသော ပရိသတ်ကြီးရေ ရေဗက္ကာဝင်းကတော့ မြန်မာနိုင်ငံရဲ့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေနားထဲစွဲစေတဲ့ အမျိုးသမီးအဆိုရှင်ထဲကတစ်ယောက်ပါ။ ပရိသတ်တွေအပေါ်မှာလည်း အမြဲတလေးတစားဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်..။
သူမအနေနဲ့အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြတ်စဲပြီးတဲ့နောက်မှာ ဘဝကို တစ်ယောက်ထဲအေးဆေးစွာ ဖြတ်သန်းနေသူပါ။ ဒီနေ့မှာတော့ ” 🎂 Happy birthday Alvin 🎂 Alvin နဲ့အတူဖြတ်သန်းရတာ ၁၁ နှစ်ရှိသွားပြီ။ ၁၁ နှစ်လုံး အဖော်ပြုပေးခဲ့ စိတ်ဖိစီးမှုတွေလျော့စေခဲ့ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိစေခဲ့တဲ့ ကြောင်တစ်ကောင်ထက်ပိုတဲ့ မေတ္တာတွေနဲ့ မီမီ့ရဲ့သားလေး မောင်အယ်လ်ဗင် 😻 မီမီ့ရဲ့အသည်းကျော် ပဲလှော်လေးနဲ့ အခုလိုပဲကျန်းကျန်းမာမာ သက်တမ်းအရှည်ကြီး ခုနှစ်သက္ကရာဇ်တွေကိုအတူဖြတ်သန်းချင်ပါတယ် 💜 ” ဟုဆိုကာသူမရဲ့ ချစ်စရာကောင်းတဲ့ကြောင်လေးကို​ ပုံလေးတွေနဲ့တကွပြသလာခဲ့တာပါ..။
သခင်ဘာဖြစ်ဖြစ် အနားမှာရှိနေပေးတတ်တဲ့ တိရိစာ္ဆန်လေးတွေရဲ့အပြူအမူလေးတွေကို တိချစ်သူတိုင်းခံစားမိကြမှာပါ။ ပရိသတ်တွေလည်း ရေဗက္ကာရဲ့ကြောင်လေး Alvin ပုံလေးတွေကိုကြည့်ရှုနိုင်ဖို့တင်ပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit-CeleGabar