


Source – Wai Lar Ri

ချစ်လှစွာသော ပရိသတ်ကြီးရေ ဝေလာရီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်..။

ဝေလာရီကတော့ မနေ့က ဇွန်လ (၄) ရက်နေ့မှာ သူ့ကို အခုလို အောင်မြင်အောင် မြေတောင်မြှောက်သင်ကြားပေးတဲ့ ဆရာသမားတွေကို သွားရောက်ဂါရဝပြုကန်တော့ခဲ့ပါတယ်။ ဝေလာရီကတော့ သူ့ကို သရုပ်ဆောင်ပညာတွေသင်ပေးတဲ့ ဒါရိုက်တာ မောင်သီ၊ဦးထင်ကျော်၊ ဒါရိုက်တာ ဟိန်းမင်းတို့ (၃) ယောက်ကို ဆန်၊ဆီ၊မုန့် စတာတွေနဲ့ ကန်တော့ခဲ့တာပဲဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ ဝေလာရီရဲ့ အခုလို ဆရာသမားတွေအပေါ်မှာ သိတတ်လိမ္မာတဲ့ စိတ်လေးကို သဘောကျကာ ချီးကျူးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ဝေလာရီကတော့ တကယ်ကို လိမ္မာရေးချားရှိတဲ့ တပည့်ကောင်းတစ်ယောက်ပါပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone