


Photo – Khin Wint Wah

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ခင်ဝင့်ဝါက မော်ဒယ် တစ်ယောက်အနေနဲ့ ဘဝကိုရပ်တည်ပြီး နောက်ပိုင်းမှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ပရိသတ်အားလုံးရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်..။

ခင်ဝင့်ဝါက စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ရွှင်စွာနေတတ်တဲ့ ချစ်အမူအရာလေးတွေကြောင့် ပရိသတ်တွေ အားပေးဝန်ရံခြင်းကို ခံနေရတာပါ။ ဒါ့အပြင် သရုပ်ဆောင်ပိုင်းမှာ ဘယ်လိုဇာတ်ရုပ်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုလည်း မမှားပါဘူး..။

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလိုဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ အခုလည်း ပုဂံကို အလည်အပတ်သွားရင်း ဘုရားမှာ သူမကို သနပ်ခါးတွေ စိတ်ရှည်လက်ရှည်နဲ့ သေချာလိမ်းပေးနေတဲ့ ကလေးငယ်လေးတွေကို သဘောကျကာ ဗီဒီယိုလေး အမှတ်တရ ဝေမျှလာပါတယ်။ ပရိသတ်ကြီးလည်း ခေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Zone