


Source- NayHtut

ချစ်လှစွာသော ပရိသတ်ကြီးရေ နေထွဋ်ကတော့ရှေးခေတ် ရေဒီယိုဇာတ်လမ်းတွေကို ပြန်လည် ပုံဖော်ရိုက်ကူးကာ “ ဘလိတ် ”ဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေစတင်သတိထားမိလာခဲ့ကြတာပါ။ သရုပ်ဆောင်ဘက်တင်မကဘဲ သူ့ရဲ့သီချင်းတွေကိုပရိသတ်တွေကသဘောကျအားပေးလျက်ရှိကြတာပါ..။

ဒါ့အပြင် CoverSong တွေပြန်လည်သီဆိုလေ့ရှိပါသေးတယ်။ မိန်းကလေးပရိသတ်တွေသည်းသည်းလှုပ်အားပေးခံရတဲ့ တက်သစ်အနုပညာရှင် တွေထဲကတစ်ယောက်လည်းအပါအဝင်ပါပဲ။ ဒီနေ့မှာလည်း ပရိသတ်အချစ်တော် အဆိုတော် မေလသံစဉ်နဲ့အတူရိုက်ကူးရေးတွေပြုလုပ်နေတာဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်ကရှူတင်ပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ..။

“ ဇာတ်ညွှန်းဖတ်ချင်ယောင်ဆောင်နေတဲ့ဗိုလ်အောင်ဒင် နဲ့သူမနဲ့ ☀️ ” ဟုဆိုကာ ချစ်စရာ အနုပညာညီမတစ်ယောက်ဖြစ်တဲ့ မေလသံစဉ်နဲ့ အတူရိုက်ကူးခဲ့တဲ့ အမှတ်တရပုံလေးတွေကိုတင်ခဲ့တာပါ။ ပရိသတ်တွေလည်း နေထွဋ်တို့ရဲ့အနုပညာခြေလှမ်းသစ်တွေကို အားပေးဖို့အဆင်သင့်ပဲလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကာင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit-CeleGabar