


Source – Swam Zarni

ချစ်လှစွာသော ပရိသတ်ကြီးရေ စွမ်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ သာမက ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ပါ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အခိုင်အမာရရှိထားခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်..။

စွမ်းကတော့ အခုနောက်ပိုင်းမှာ သရုပ်ဆောင် အနုပညာတွေထက် ဇာတ်သဘင်ကပြဖျော်ဖြေခြင်းကိုသာ ပိုမိုလုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေအာလုံးရပ်နားထားပါတယ်။ စွမ်းကတော့ သူ့ရဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်တော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့လှုပ်ရှားမှုတွေကို မကြာခဏဆိုသလိုမျှဝေပေးနေခဲ့ပါသေးတယ်..။

မနေ့က ဇွန်လ (၁၀) ရက်နေ့မှာလည်း စွမ်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူရဲ့ နေချင်စဖွယ်အပြည့်သာယာလှတဲ့ အိမ်လေးနဲ့ ခြံလေးရဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ စွမ်းရဲ့ နေအိမ်ခြံဝန်းလေးကတော့ အပင်လေးတွေနဲ့ အေးချမ်းပြီး တကယ်ကိုနေချင်စရာလေးပါပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone