ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ ခန္႔စည္သူကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရ႐ွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာ႐ွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ခန္႔စည္သူကေတာ့ အလႉအတန္းရက္ေရာလြန္းလွတာေၾကာင့္ ပရိသတ္ေတြ ခ်ီးက်ဴးေနရတဲ့ အႏုပညာ႐ွင္တစ္ေယာက္ဆိုရင္လည္းမမွားပါဘူး..။

မေန႔ကလည္း ခန္႔စည္သူကေတာ့ သူ႕ရဲ႕ေမြးေန႔အလႉေလးအျဖစ္ “ မႏၲေလးၿမိဳ႕ မဟာမုနိ ႐ုပ္႐ွင္ေတာ္ျမတ္စြာဘုရားႀကီးအား ည႐ုံေတာ္သကၤန္းဆက္ကပ္လႉဒါန္းျခင္း၊ ရဟန္းေလာင္း (၁၀) ဦးႏွင့္ ႐ွင္သာမေဏေလာင္း (၁၀၈) ဦးတို႔အား ရဟန္းခံ၊႐ွင္ျပဳေပးျခင္းႏွင့္ သိမ္ဆင္းေလာင္းလႉျခင္း ၊ဓမၼဝိဟာရပထမေက်ာ္ စာသင္တိုက္တြင္ သီတင္းသုံးေတာ္မူၾကေသာ သံဃာေတာ္အ႐ွင္သူျမတ္မ်ားႏွင့္ ေယာဂီသူေတာ္စင္မ်ားအား ေန႔ဆြမ္းမ်ားဆက္ကပ္လႉဒါန္းျခင္း ” စတဲ့ ကုသိုလ္ေကာင္းမႈေတြကို ျပဳလုပ္ခဲ့ပါတယ္..။

ခန္႔စည္သူကေတာ့ သူ႕ရဲ႕ေမြးေန႔အလႉေကာင္းမႈအဖို႔ဘာဂတို႔ကို (၇) ရက္သားသမီး ပရိသတ္ေတြကိုလည္း မွ်ေဝေပးထားပါေသးတယ္။ ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ခန္႔စည္သူရဲ႕ အလႉေလးကို သာဓုေခၚဆိုၿပီး ေမြးေန႔ဆုမြန္ေကာင္းေလးေတြဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source – Kyaw Soe Win

ချစ်လှစွာသော ပရိသတ်ကြီးရေ ခန့်စည်သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခန့်စည်သူကတော့ အလှူအတန်းရက်ရောလွန်းလှတာကြောင့် ပရိသတ်တွေ ချီးကျူးနေရတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး..။

မနေ့ကလည်း ခန့်စည်သူကတော့ သူ့ရဲ့မွေးနေ့အလှူလေးအဖြစ် “ မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရားကြီးအား ညရုံတော်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ရဟန်းလောင်း (၁၀) ဦးနှင့် ရှင်သာမဏေလောင်း (၁၀၈) ဦးတို့အား ရဟန်းခံ၊ရှင်ပြုပေးခြင်းနှင့် သိမ်ဆင်းလောင်းလှူခြင်း ၊ဓမ္မဝိဟာရပထမကျော် စာသင်တိုက်တွင် သီတင်းသုံးတော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ယောဂီသူတော်စင်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း ” စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်..။

ခန့်စည်သူကတော့ သူ့ရဲ့မွေးနေ့အလှူကောင်းမှုအဖို့ဘာဂတို့ကို (၇) ရက်သားသမီး ပရိသတ်တွေကိုလည်း မျှဝေပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ခန့်စည်သူရဲ့ အလှူလေးကို သာဓုခေါ်ဆိုပြီး မွေးနေ့ဆုမွန်ကောင်းလေးတွေဆုတောင်းပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone