


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ ဇဏ်ခီတို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကို အတူတကွလုပ် ကိုင်နေကြတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း စိတ်တူကိုယ်တူနဲ့ လုပ်ဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တွေပဲဖြစ်ပါတယ်။ မြန်မာအနုပညာရှင်စုံတွဲတွေထဲ အရမ်းကိုဂရုစိုက်ကြင်နာတတ်ပြီး တစ်ဦးအပေါ်တစ်ဦး လေးစားမှုအပြည့်နဲ့ဆက်ဆံတတ်တာကြောင့် ပရိတ်သတ်အားအကျရဆုံးနဲ့ အားအပေးဆုံးလို့ လူသိများကျော်ကြားတာကတော့ ကိုဇာဏ်ခီနဲ့မခရစ္စတီးနားခီတို့စုံတွဲပါပဲ..။

ကိုဇာဏ်ခီ နဲ့ မခရစ္စတီးနားခီ တို့စုံတွဲ ဟာဒီကနေ့မှာ ရွှေလက်တွဲလာတဲ့ ချစ်သူသက်တမ်း (၂၂) နှစ်ပြည့်သွားပြီဖြစ်ပြီး ပရိတ်သတ်တွေက အတော်လေး သဘောကျကာ အားကျနှစ်သက်နေကြတာပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ သာယာပျော်ရွှင် စရာကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်လည်း ပိုင်ဆိုင်ထားသူတွေဖြစ်ကြပါတယ်..။

အမျိုးသမီးထုကြီးရဲ့အားကျစရာဖြစ်တဲ့ ကိုဇာဏ်ခီကတော့အမျိုးသမီးဖြစ်တဲ့ မခရစ္စတီးနားခီအတွက် အလုပ်ရှုပ်နေတဲ့ကြားကပဲ surprise လေးစီစဉ်ပေးခဲ့ပြီး ထိုသို့စီစဉ်ခဲ့ပုံလေးကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာတင်လာခဲ့ပါတယ်။ ဘယ်လိုတွေချစ်စရာကောင်းအောင်စီစဉ်ထားလဲဆိုတာပရိတ်သတ်ကြီးခံစားနိုင်စေရန်ဖော်ပြလိုက်ရပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; MMLoad