ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ ပိုပိုကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အျပည့္အဝရ႐ွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ ျပည္သူခ်စ္အဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ လက္႐ွိမွာေတာ့ ပိုပိုက ဖမ္းဆီးထိန္းသိမ္းခံရျခင္းကေန လြတ္ေျမာက္လာျခင္းမ႐ွိေသးတာေၾကာင့္ ပရိသတ္ေတြအားလုံးကပိုပို႔ကို လြမ္းဆြတ္သတိရေနၾကပါတယ္..။

ဒီေန႔မွာေတာ့ ပိုပို႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ပိုပို႔ရဲ႕ Admin Team က ပိုပို႔ကိုယ္စားအလႉေလးတစ္ခုျပဳလုပ္ခဲ့ေၾကာင္း မွ်ေဝလာခဲ့ပါတယ္။ “ မေန႔က ၁၂ ရက္ေန႔ အမပိုပိုရဲ႕ အဘြားကြယ္လြန္ျခင္း ၁၁ ႏွစ္ျပည့္ နဲ႔ ကြယ္လြန္သူမ်ားအားရည္စူး၍ admin တို႔က မဟာဝိဟာရေက်ာင္းတိုက္မွာ တိုးခ်ဲ႕ ဓမၼာ႐ုံ ေဆာက္လုပ္ရန္အတြက္ မပိုပိုကိုယ္စား အလႉေငြသြားေရာက္လႉဒါန္းခဲ့ပါတယ္ ” ဟုဆိုၿပီး အလႉေလးျပဳလုပ္ခဲ့ေၾကာင္း မွ်ေဝထားခဲ့တာပဲျဖစ္ပါတယ္..။

ေကာင္းမႈေတြကိုလည္း ပိုပို႔ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြလည္း ထပ္တူရ႐ွိေစဖို႔ နတ္လူသာဓုေခၚေစေသာ္ ဆိုၿပီး မွ်ေဝထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ပိုပို႔ကိုယ္စားျပဳလုပ္ေပးခဲ့တဲ့ ပိုပို႔ Admin Team ရဲ႕ ေကာင္းမႈေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source – ပိုပို

ချစ်လှစွာသော ပရိသတ်ကြီးရေ ပိုပိုကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ပြည်သူချစ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုပိုက ဖမ်းဆီးထိန်းသိမ်းခံရခြင်းကနေ လွတ်မြောက်လာခြင်းမရှိသေးတာကြောင့် ပရိသတ်တွေအားလုံးကပိုပို့ကို လွမ်းဆွတ်သတိရနေကြပါတယ်..။

ဒီနေ့မှာတော့ ပိုပို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပိုပို့ရဲ့ Admin Team က ပိုပို့ကိုယ်စားအလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း မျှဝေလာခဲ့ပါတယ်။ “ မနေ့က ၁၂ ရက်နေ့ အမပိုပိုရဲ့ အဘွားကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် နဲ့ ကွယ်လွန်သူများအားရည်စူး၍ admin တို့က မဟာဝိဟာရကျောင်းတိုက်မှာ တိုးချဲ့ ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် မပိုပိုကိုယ်စား အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ် ” ဟုဆိုပြီး အလှူလေးပြုလုပ်ခဲ့ကြောင်း မျှဝေထားခဲ့တာပဲဖြစ်ပါတယ်..။

ကောင်းမှုတွေကိုလည်း ပိုပို့ကို ချစ်ကြတဲ့ ပရိသတ်တွေလည်း ထပ်တူရရှိစေဖို့ နတ်လူသာဓုခေါ်စေသော် ဆိုပြီး မျှဝေထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ပိုပို့ကိုယ်စားပြုလုပ်ပေးခဲ့တဲ့ ပိုပို့ Admin Team ရဲ့ ကောင်းမှုလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone