


Source – Paing Takhon

ချစ်လှစွာသော ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားပြီး ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ တိချစ်တတ်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိမ်မှာလည်း တိလေးတွေကို မွေးမြူထားခဲ့ပါတယ်..။

တိလေးတွေကို ချစ်တတ်လွန်းတဲ့ သူတစ်ယောက်ဖြစ်ပြီး ခွေးလေးတွေ ကြောင်လေးတွေသာမက ငါး၊ရေနဂါး၊ iguana (အီဂွားနား) စတဲ့ ထူးထူးခြားခြား သတ္တဝါတွေအပါအဝင် ဆိတ်ကလေးတစ်ကောင်ကိုပါ အိမ်မွေးတိလေးအဖြစ်မွေးထားတာကြောင့် ပရိသတ်တွေက အံ့သြမင်သက်ဖြစ်နေခဲ့ရပါသေးတယ်။ သူ့ကိုရော သူ့ရဲ့တိလေးတွေကိုပါ ချစ်ကြတဲ့ ပရိသတ်တွေအတွက်လည်း မကြာခဏဆိုသလို တိလေးတွေကို ဗီဒီယိုလေးရိုက်ကူးပြီး မျှဝေဖော်ပြလေ့လည်းရှိပါတယ်..။

ဒီနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့ဆိတ်ကလေးနဲ့ စကားတွေပြောနေတဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးခဲ့ပြီး ဒီဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာ သဘောကျစရာတစ်ခုအဖြစ်နဲ့ ပျံ့နှံ့နေခဲ့ပါတယ်။ ပရိသတ်ကြီးရေ သူသခင်နဲ့ သူဆိတ်ကတော့ တကယ်ကို အတိုင်အဖောက်ညီနေတာပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleZone