


Soure – MyatThuThu

ချစ်လှစွာသော ပရိသတ်ကြီးရေ မြတ်သူသူကတော့ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတဲ့သူလေးပါ။ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေသိလာခဲ့ပြီးနောက် ရိုက်ကူးသမျှဇာတ်ကောင်တွေကို ပရိသတ်ကနှစ်ခြိုက်အားပေးဝန်းရံခဲ့ကြတာပါ..။

ဒါ့အပြင်သူမရဲ့အချစ်ရေးကိုလည်း ချစ်သူရှိကြောင်းပွင့်လင်းစွာ ချပြထားသူလေးပါ။ အမြဲလိုလိုအလှူအတန်း ကုသိုလ်တွေကိုရောက်တဲ့နေရာမှာရရင်ရသလိုပြုလုပ်တတ်သူလေးပါ။ အခုချိန်မှာ အနုပညယအလုပ်တွေကိုရပ်နားထားပေမယ့် ချစ်ရတဲ့ပရိသတ်တွေနဲ့ကတော့သူမရဲ့ ဆိုရှယ်မီဒီယာတဆင့်အဆက်အသွယ်မပြတ် ရှိနေတာပဲဖြစ်ပါတယ်..။

ဒီနေ့ကျရောက်တဲ့ ဂျွန်လ ၁၄ ရက်နေ့ကတော့ သူမရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမရဲ့ချစ်သူနဲ့ ချသ်ရတဲ့ မိတ်ဆွေသူငယ်ချင်း၊ ပရိသတ်တွေဟာလည်း အမျိုးမျိုးသောမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြတာပါ။ သူမကိုယ်တိုင်လည်း ” Happy Birthday MTT 🎂 ” ဟုဆိုတဲ့စာလေးနဲ့ သူမရဲ့မွေးနေ့အမှတ်တရအမိုက်စားအလှပုံရိပ်လေးတွေကို သူမရဲ့ Page ကနေတင်လာခဲ့တာပါ။ ပရိသတ်တွေလည်း မြတ်သူလေး ဘာတွေထူးခြားနေလည်းဆိုတာ ပုံလေးတွေကြည့်ပြီးမှတ်ချက်ပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit-CeleGabar