


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်ပြီးတော့ အခုထိတိုင်အောင် နုပျိုနေဆဲဖြစ်တဲ့ အကယ်ဒမီများစွာကို ဆွတ်ခူးထားတဲ့ မင်းသမီးလေး တစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့် ဟာ ပရိသတ်တွေကို အရမ်းလွမ်းနေပါတယ်တဲ့..။

သက်မွန်မြင့် ကတော့ ပရိတ်သတ်တွေနဲ့ အတူတူအမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ (၅၀၅) နဲ့ တရားစွဲခံထားရပြီးတော့ မကြာသေးမီကမှ ပုဒ်မ ၅၀၅ မှ ကင်းလွတ်ခဲ့တဲ့မင်းသမီးတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသမီးချော သက်မွန်မြင့် ကတော့ ကျန်းမာရေး သိပ်မကောင်းဖူးလို့ သိရပါတယ်။ သက်မွန်မြင့်ဟာ “ ချစ်ရတဲ့သူတွေကို လွမ်းလှပြီ ” လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှတစ်ဆင့် ရေးသားထားတာကို‌တွေ့ရပါတယ်..။

ချစ်သက်ရေ ချစ်တဲ့ပရိသတ်တွေနဲ့ အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေ ကျန်းမာရေးလဲအမြန်ဆုံး ပြန်လည်ကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit