အဆိုတော် အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းပြီး ဖော်ရွေတတ် သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် အိမ်ထောင်ရှင်အမျိုးသမီး အဆိုတော် အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ့်ချစ်ဟာသူမရဲ့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်နေတာပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်တာနဲ့အမျှ သမီးလေးရဲ့ထိတွေ့မှုတွေ ခံစားနေရပြီဖြစ်တဲ့အကြောင်း အိမ့်ချစ်ကအခုလိုပဲပြောလာပါတယ်။“Pregnancy 31 weeks 🌸 ခုဆိုဗိုက်ထဲမှာ Amara လေးတိုးလွန်းလို့ အိပ်ရေးတွေစပျက်နေပါပြီ ညညတွေဆိုလဲ ဗိုက်ဆာတာမှတအား 😁 ခြေဆစ်လက်ဆစ်လေးတွေလဲကိုက်လာတယ် 😑 ကံကောင်းတာတစ်ခုကတော့ ကိုယ်ဝန် စရှိကတည်းက အရမ်းဝပြီးဖောသွပ်မလာတာပဲ ကိုယ်အလေးချိန်ကတော့တက်ပါတယ်။

ကိုယ့်မှာမဝလို့ကလေးထွားရဲ့လားဆိုက်ကို ဖြစ်နေပေမယ့် Amara လေးကကိုယ်ဝန် ၃၁ပတ်မှာ ၃ပေါင် ၁ဝအောင်စ ဖြစ်နေပြီဒါပုံမှန်ပဲလို့ OG ကပြောမှပဲ စိတ်ချမ်းသာရ ❤️ 31 weeks ရဲ့အမှတ်တရများ 👼🏻” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားလာပါတယ်။အိမ့်ချစ်ကတော့ သမီးလေးကြောင့် အိပ်ရေးတွေပျက်ပြီး ပင်ပန်းလာပေမယ့် မကြာခင်လူ့လောကထဲ ရောက်ရှိလာတော့မှာမို့ ပင်ပန်းသမျှ အမောတွေဖြေနေ တာပဲဖြစ်ပါတယ်။ အိမ့်ချစ်တစ်ယောက် သမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Eint Chit ‘s fb

Credit ; Cele active World

zawgyi




Source: Eint Chit ‘s fb
