


credit…..

UNICODE

ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာ လောထဲ မှာ အောင်မြင် လာခဲ့ပြီး သူမရဲ့အောင်မြင်မှုဟာ ဆယ်စုနှစ် တွေကျော်လွန်လာခဲ့ပါပြီ။ သာယာအေးချမ်းလှတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင် ထားကာ ပရိတ်သတ် အားလုံးကချစ်ခင်နေရတာပါ။

ဒါ့အပြင် အလှူအတန်းတွေ နဲ့ ပတ်သက်ရင်လည်း ခိုင်သင်းကြည်တို့ မိသားစုက အလှူ ရေစက် လက်နဲ့မကွာ ဆိုသလို လှူဒါန်းနေတဲ့ မိသားစုလည်းဖြစ်ပါတယ်။ အမြဲတမ်း လိုလို အထိမ်းအမှတ် နေ့လေးတွေ နဲ့ အခါအခွင့် သင့်ရင် သင့်သလို အလှူလေး တွေကို မိသားစု လိုက်စိတ်သဘောထားတူညီစွာနဲ့ လှူဒါန်းလေ့ရှိကြတဲ့အတွက် ပရိသတ်တွေက တစ်မိသားစုလုံးကို လေးစားနေကြရတာပါ။

ဒီနေ့မှာလည်း သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၉) နှစ်ပြည့်အတွက် စိတ်ကျန်းမာရေးဆေးရုံ အတွက် (၁၅) သိန်းကျော် လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ဖြစ်ခဲ့ကြောင်း အလှူမှတ်တမ်းပုံလေး နဲ့ တကွ ဖော်ပြထားတာ တွေ့ရပါတယ်။ခိုင်သင်းကြည်တို့ မိသားစုလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်. ..ဖတ်ရူ့သူတစ်ဦးချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်,။

credit…..