



UNICODE

လူရွှင်တော် အောင်သော် ကတော့ ပရိသတ်တွေ ကို ပျော်ရွှင်ရယ် မောအောင် ပြုလုပ်လေ့ရှိသူ တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံး နဲ့ အပီပြင်ဆုံး သရုပ်ဆောင်လျက် ရှိနေတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ အော်သော် ကတော့ အေးချမ်း သာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝလေး ကို တည်ဆောက် ထားနိုင်ခဲ့ကာ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက် နဲ့ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အောင်သော် ကတော့ ပရဟိတ အလုပ်တွေကိုလည်း လုပ်ကိုင် လျက်ရှိနေသလို မိသားစုကိုလည်း အချိန်ပေး ကာဂရုစိုက်လျက်ရှိနေ ခဲ့တာပဲဖြစ်ပါတယ်။ အောင်သော်တို့ ဇနီးမောင်နှံ ကတော့ စာဖွဲ့မမှီတဲ့ ချစ်ခြင်းတရားတွေ လက်တွဲတွေခိုင်မြဲရင်း မင်္ဂလာသက်တမ်းနှစ် (၂၀) နေ့လေးကို ယနေ့မှာ ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ အောင်သော်ကတော့ 20 Anniversary နေ့လေးမှာ ချစ်ရတဲ့ ဇနီးသည်လေး ကို ဘာလက်ဆောင်မှမပေးနိုင်ပင် မဲ့ ရိုမန်တစ်ဆန်တဲ့ စကားလေးတွေနဲ့အပီအပြင်ချုပ် လိုက်ပါတယ်။

အောင်သော်ကတော့ “20 Anniversary ပါ ချစ်သောမိန်းမရေ ဘာလက်ဆောင်မှမပေးနိုင်ပင်မဲ့ အချစ်တွေနဲ့ သမီး နဲ့ သားလေးပေးထားတယ်နော် အာဘွားပါ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် လူရွှင်တော် အောင်သော်တို့ မိသားစုလေး ရဲ့ ကြည်နူးစရာကောင်းပြီး အားကျစရာကောင်းတဲ့ မိသားစုပုံရိပ်လေး တွေကိုပြန်လည် ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေး တွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Aung Thaw ‘ s Facebook Acc