


Source : Nansu Yati Soe
Emily (Cele Gabar)

UNICODE

ပရိသတ်ကြီး တွေချစ်တဲ့ ရှမ်း – တရုတ် ကပြားမလေး နန်းဆု ကတော့ (၂၀၂၁) နှစ်သစ်ကူးမှာ ပြီးခဲ့တဲ့ (၂၀၂၀) က သူမ ရဲ့အောင်မြင်မှု လေးတွေကို ပြောပြလာခဲ့ပါတယ် ။ ၂၀၂၀ မှာ သီချင်း ၃ ပုဒ် နဲ့ Music Video ထွက်နိုင်ခဲ့ သလို ကိုဗစ် ကြောင့်စီစဉ်ရ ခက်တဲ့ကြားကနေ အကောင်းဆုံး ကြိုးစား ရိုက်ကူးပြီး ထုတ်နိုင်ခဲ့တာမို့ အခု နှစ်ကုန်မှာ ပြန်တွေးပြီး ကြည်နူး ဝမ်းသာမိ သလို ပိုကြိုးစားဖို့ ခွန်အား တွေရတဲ့ အကြောင်း ပရိသတ် တွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။

ပထမ သီချင်းက “မြန်မာပြည်ကြီးထဲမှာ “တေးရေး ကိုဝေကြီး ရဲ့ လက်ရာ သီချင်းလေး ဖြစ်ပြီး MV ကို ဒါရိုက်တာ သီဟသစ် က ရိုက်ကူး ထားပေးပြီး ချင်းတောင်တန်းမှာ ခက်ခက် ခဲခဲ သွားရောက်ရိုက်ကူးခဲ့တာပါ။ ဒုတိယမြောက် သီချင်းက “အလွမ်းရာသီ” တေးရေး ကိုညီမင်းခိုင် ရေးထားပြီး MV မှာ မင်းသွေးခန့်နဲ့ အတူတွဲ သရုပ်ဆောင် ပုံဖော်ထားတာပါ ဒါရိုက်တာ သီဟသစ် ကရိုက်ကူးထား ပေးပြီး ကလော မှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ နှစ်ကုန်ခါနီး Christmas ကာလမှာ တေးရေး- ဆရာစောဘွဲ့မှူး ရဲ့ လက်ရာ “ခရစ္စမတ်ည “ဆိုတဲ့သီချင်း လေးကို ကောင်းမြတ်စံ နဲ့ အတူ ရိုက်ကူး ပုံဖော်ခဲ့ပြီး ရိုက်ကူးပေးတာက ဒါရိုက်တာ – Kina Alpha ဖြစ်တယ် လို့ သူမ ရဲ့ သီချင်း သုံးပုဒ် ကို ဖန်တီးခဲ့တဲ့ အနုပညာရှင် တွေကိုလည်း ဖော်ပြခဲ့ပါတယ် ။

အလုပ်လုပ်ရ ခက်ခဲတဲ့ (၂၀၂၀) မှာ ဒီလိုတွေ ထုတ် နိုင်ခဲ့တာ နန်းဆု ရဲ့ စိတ်အား ထက်သန်မှု ကြိုးစားမှု တွေ အပြင် အသိပညာ ရှင်,အတတ်ပညာ ရှင်တွေနဲ့ သူငယ်ချင်း မိတ်ဆွေတို့ ရဲ့ ပူးပေါင်းပါဝင် အားပေးကူညီမှုတို့ ကြောင့်ပါ ချစ်ခင်ရတဲ့ သူတွေကြောင့်သာ လုပ်နိုင်ခဲ့တာပါ ဒါကြောင့် နန်းဆုကို ချစ်ခင်တဲ့စိတ်နဲ့ ကူညီ ပေးခဲ့ကြသူများ တစ်ယောက်ချင်း စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် ပြီးတော့ အရေးအကြီးဆုံး ဖြစ်တဲ့ နန်းဆု ကို အားပေး ချစ်ခင်ပေးကြတဲ့ ပရိတ်သတ်တွေ နဲ့ NS family group က အမာခံ ပရိတ်သတ်တွေပါ ဒီလူတွေကြောင့် သာ နန်းဆု ပိုကြိုးစားဖို့ အားတွေ ပြည့်ရတာပါ အရမ်း ချစ်ပါတယ် လို့လည်း ရေးသား ဖော်ပြခဲ့ပါတယ် ။

Source : Nansu Yati Soe
Emily (Cele Gabar)