လူတိုင္းက ႏွစ္သစ္မွာ ကိုယ္ခ်စ္ရတဲ့ သူနဲ႔ပဲ ျဖတ္သန္း ခ်င္ၾကပါတယ္။ ၂၀၂၁ ရဲ့ ပထမဆုံး ေန႔ရက္ မွာ ျဖဴျဖဴ ကေတာ့ ေက်ာ္ထက္ေအာင္ နဲ႔ အတူရိုက္ထားတဲ့ ရိုဆန္ဆန္ ပုံေလးေတြကို ခ်ျပလိုက္ပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္ကတည္း က ႏွစ္ေယာက္ အတူ MTV ေလးေတြတြဲ ရိုက္ခဲ့ၿပီး ပရိသတ္ေတြ ရဲ့ အားေပးမႈ ကို အခိုင္အမာ ရရွိခဲ့သူေတြပါ။

ဒီေန႔မွာလည္း အကၤ်ီ အေရာင္ဆင္တူေလးေတြနဲ႔ ၾကည္ႏူးစရာ ေကာင္းလြန္းတဲ့ စုံတြဲ ပုံေလးေတြ ဟာ ပရိသတ္ ေတြကိုအံ့အားသင့္ေစခဲ့ ပါတယ္။ တကယ့္ခ်စ္သူစုံတြဲေတြလို ျပဳမူေနတဲ့ပုံေလး ေတြဟာ ႏွစ္ေယာက္သား တကယ္မ်ား ခ်စ္သူ ျဖစ္ေနၾကၿပီ လားလို႔ သို႔ေလာသို႔ ေလာထင္စရာပါပဲ။

ဒီလိုပုံေလးေတြကို ” အခ်စ္စစ္လား အခ်စ္တုလား ဆိုတာ ႏွလုံးသားကပဲ ျမင္နိုင္တာ တကယ္ကို အခ်စ္ရွိတယ္ Happy New Year to all our fans. Phyu Phyu & Kyaw Htet. ” ဆိုၿပီး တင္ထား တာပဲျဖစ္ပါတယ္။ ႏွစ္ေယာက္သား တကယ္ပဲ တြဲျဖစ္ခဲ့ရင္ ပရိသတ္ႀကီး ရဲ့ အျမင္ကိုလည္း မွတ္ခ်က္ေလးေပးခဲ့ပါဦးေနာ္။

Happy – Cele Zone
Photo – Phyu Phyu Kyaw Thein

UNICODE

လူတိုင်းက နှစ်သစ်မှာ ကိုယ်ချစ်ရတဲ့ သူနဲ့ပဲ ဖြတ်သန်း ချင်ကြပါတယ်။ ၂၀၂၁ ရဲ့ ပထမဆုံး နေ့ရက် မှာ ဖြူဖြူ ကတော့ ကျော်ထက်အောင် နဲ့ အတူရိုက်ထားတဲ့ ရိုဆန်ဆန် ပုံလေးတွေကို ချပြလိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ်ကတည်း က နှစ်ယောက် အတူ MTV လေးတွေတွဲ ရိုက်ခဲ့ပြီး ပရိသတ်တွေ ရဲ့ အားပေးမှု ကို အခိုင်အမာ ရရှိခဲ့သူတွေပါ။

ဒီနေ့မှာလည်း အင်္ကျီ အရောင်ဆင်တူလေးတွေနဲ့ ကြည်နူးစရာ ကောင်းလွန်းတဲ့ စုံတွဲ ပုံလေးတွေ ဟာ ပရိသတ် တွေကိုအံ့အားသင့်စေခဲ့ ပါတယ်။ တကယ့်ချစ်သူစုံတွဲတွေလို ပြုမူနေတဲ့ပုံလေး တွေဟာ နှစ်ယောက်သား တကယ်များ ချစ်သူ ဖြစ်နေကြပြီ လားလို့ သို့လောသို့ လောထင်စရာပါပဲ။

ဒီလိုပုံလေးတွေကို ” အချစ်စစ်လား အချစ်တုလား ဆိုတာ နှလုံးသားကပဲ မြင်နိုင်တာ တကယ်ကို အချစ်ရှိတယ် Happy New Year to all our fans. Phyu Phyu & Kyaw Htet. ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ နှစ်ယောက်သား တကယ်ပဲ တွဲဖြစ်ခဲ့ရင် ပရိသတ်ကြီး ရဲ့ အမြင်ကိုလည်း မှတ်ချက်လေးပေးခဲ့ပါဦးနော်။

Happy – Cele Zone
Photo – Phyu Phyu Kyaw Thein