


Credit-CeleKhitThit

unicode

ပရိသတ်ကြီးရေ Beauty blogger အဖြစ် ကနေ အာင်မြင် တဲ့ အနုပညာရှင် ဖြစ်လာတဲ့ သွက်သွက် လက်လက် ထက်ထက် မြက်မြက်နဲ့ မိန်းမလှလေး တစ်ဦးဆိုရင် နေခြည်ဦး ကို တန်းမြင်ယောင်ကြ မှာ အမှန်ပါပဲ။အမြဲ ပွင့်ပွင့်လင်းလင်း နဲ့ ပျော်ပျော်နေ တတ်ပြီး ဝေဖန်မှု တွေကိုလဲ လှလှပပ ချေပတတ်တဲ့ သူတစ်ဦးပါ။နေခြည်ဦး လို့ပြောလိုက် ရင်အခုချိန်ထိ သူမရဲ့ ရည်းစားဟောင်းတွေ ကိုပရိသတ်တွေက တွဲ​မြင်နေကြဆဲပါပဲနော်။ နေခြည်ဦး တစ်ယောက် နောက်ဆုံးOfficialချပြခဲ့တဲ့ ချစ်သူကတော့ အနုပညာ အသိုင်းအဝိုင်းက မဟုတ်ပေမယ့် ပရိသန်တွေက တော်တော်များများ သိကြတဲ့ ဆယ်လီ အောင်နွေဦးပါပဲ။

အနုပညာရှင် တစ်ယောက် လိုချောမော ခန့်ညားတဲ့ အောင်‌နွေဦး ကတော့ နေခြည်ဦးနဲ့ ၂ နှစ်ကြာ လက်တွဲ ပြီးတဲ့ နောက်မှာ လမ်းခွဲခဲ့ကြတာပါ။ လက်ရှိ ၂၀၂၁ နှစ်စမှာပဲ ထူးခြားတဲ့ အနေနဲ့ သူ့ရဲ့ချစ်သူ အသစ်ကောင်မလေး ကို တရားဝင်​ချပြခဲ့တာပါ။ ထပ်မံပြီး ချပြခဲ့တဲ့ကောင်မလေး ကတော့ ​ဇာတိ အတူ မန္တလေးကလို့လည်း မှတ်ချက်တွေ ပေးနေကြတာပါ။ချီချီ ရဲ့ ချစ်သူဟောင် းအောင်နွေဦးကတော့ အချစ်သစ် နဲ့ နှစ်သစ်ကို စတင်လိုက်ပေမယ့် ချီချီ ကတော့အခုချိန်ထိ တစ်ယောက်ထဲ Single ဘဝနဲ့ အနုပညာအလုပ် တွေကို တျောက်လျှောက် မအားလပ်နိုင်အောင် လုပ်ကိုင်နေတာပါ။

အောင်နွေဦး တို့စုံတွဲလေး ကို ကြည့်ပြီးသဘောကျရင် မှတ်ချက် နစ်ခုခုပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: AungNwayOo ‘sInstagram
Credit-CeleKhitThit