unicode
ဖြူစင်ရိုးသားတဲ့ အပြုံးလေးတွေ နဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး သဇင်ထူးမြင့် ကတော့ လတ်တလော မှာ ရေပန်းစားအောင်မြင် ကျော်ကြားနေတာ ဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ အလှလေးနဲ့ ပရိသတ်တွေ ကို ဖမ်းစားထားနိုင်တဲ့ သဇင်ထူးမြင့်ကတော့ အနုပညာ အလုပ်တွေကို အားကြိုးမာန်တတ် လုပ်ကိုင် နေတာ ပဲဖြစ်ပါတယ်။သူမရဲ့ ကြိုးစားမှုတွေ ကြောင့်ပဲ အချိန်တို တွင်းမှာ အောင်မြင်လာကာ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာတဲ့ မင်းသမီးတစ်လက် ဆိုလည်း မမှားပါဘူးနော်…….။
သဇင်ထူးမြင့်ဟာ ဝါရင့်သရုပ်ဆောင် ဦးခင်လှိုင် ရဲ့ သမီးချောလေး တစ်ဦး ဖြစ်ပြီး အဖေ့ရဲ့ အနုပညာ သွေး အပြည့်ပါတာကြောင့် သရုပ်ဆောင် ထူးချွန်တာလည်း တွေ့ရပါတယ်။လတ်တလော မှာတော့ အနုပညာ အလုပ်တွေကို ဆက်တိုက် လုပ်ကိုင် နေတာ ဖြစ်ပြီး ကြော်ငြာတွေနဲ့ Music video တွေကို လက်ခံရိုက်ကူးနေတာ ပဲဖြစ်ပါတယ်။ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သဲကတော့ မွေးချင်းထဲမှာ ညီမ မရှိပေမယ့်လည်း အနုပညာ ရှင်ထဲက တစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းနဲ့တော့ သိပ်ချစ်ကြတာလည်း တွေ့ရပါတယ်။
အခုတစ်ခါမှာဆိုရင်လည်း သူမ အရမ်းချစ်ရတဲ့ ယွန်းယွန်း နဲ့ ပုံရိပ်လေးတွေကို စုကာ ပရိသတ်တွေက Tik Tok မှာ သီချင်းလေးနဲ့ တင်ထားတာ လေးကို ကြိုက်လို့ ပြန်ယူကာ မျှဝေပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ် တွေကလည်း သဲနဲ့ ယွန်းယွန်းကို ချစ်ခင် အားပေး ကြမှာ အမှန်ပဲမို့ ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။အသည်းလေး တွေ ပေးခဲ့ဖို့ မမေ့နဲ့နော်…..။
Photo Credit -Thazin Htoo Myint FB Account