ပရိသတ္ႀကီးေရ Burmese Ghouls အသင္းကို ဂုဏ္ျပဳတဲ့ ပို႔စ္နဲ႔ပတ္သက္ၿပီး သူေရးသား သီဆိုခဲ့တဲ့ ေခတ္ သီခ်င္းနဲ႔ ကြဲျပားေနတဲ့အတြက္အေတာ္ေလး အျပင္းအထန္ ေဝဖန္ခံခဲ့ရပါတယ္ ။ ဒီေဝဖန္မႈေတြ နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို J-fire က ေခတ္သီခ်င္းသည္ အခ်ိန္ကို အက်ိဳးရွိေအာင္အသုံးခ်ဖို႔အဓိကေျပာခဲ့တာျဖစ္ေၾကာင္း ျပန္လည္ ေျဖရွင္းခဲ့ပါတယ္ ။ Professional Player ေတြရဲ့ ကိုယ့္နိုင္ငံကိုယ္ စားျပဳၿပိဳင္ပြဲအတြက္ ဂုဏ္ယူထိုက္လို႔ Postတင္ခဲ့တာ ျဖစ္ၿပီး တင္ၿပီးတဲ့ အခ်ိန္မွာပဲ နားလည္မႈ လြဲစြာ အျပန္အလွန္ ဆဲဆိုမႈမ်ား ေၾကာင့္ အက်ိဳးမရွိဟုယူဆကာ Team နဲ႔ တိုင္ပင္ၿပီး Postအားျပန္လည္ျဖဳတ္ခ်ခဲ့တာျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္ ။

တင္ခဲ့သည့္ပုံကလည္ း ၿပိဳင္ပြဲက်င္းပတဲ့ Moonton မၼဏီ မွ Myanmar National Team ကိုSupport ဖို႔ “M2” Instagram Campaign အတြက္ကမ္းလွမ္းခဲ့ျခင္းေၾကာင့္ ၿပိဳင္ပြဲမစခင္ တစ္ပတ္ အလိုက ရိုက္ကူးထားေသာပုံျဖစ္တယ္ လို႔သိရပါတယ္ ။ ဒါ့ေၾကာင့္ နားလည္မႈလြဲသည္ျဖစ္ေစ နားမလည္ခ်င္ေယာင္ေဆာင္သည္ ျဖစ္ေစ အားလုံးဟာ တစ္နိုင္ငံထဲသား ညီအကိုေမာင္ႏွမမ်ားသာျဖစ္တဲ့အတြက္ အမ်ားညီ ဤ ကို ကၽြဲ မဖတ္ဘဲ စဥ္းစားေတြးေခၚနိုင္စြမ္းမ်ားပိုင္ဆိုင္ၾကပါေစ လို႔ သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာ ထက္ကေန ေရးသားေဖာ္ျပလာခဲ့ပါတယ္ ။

ေဝဖန္ေနတဲ့ ပရိသတ္ေတြ ကိုလည္း မိမိေလၽွာက္လွမ္း ခ်င္တဲ့ နယ္ပယ္တိုင္းမွာ Pro တစ္ေယာက္ ျဖစ္ရပ္တည္နိုင္သည္အထိႀကီးပြါးတိုးတက္ၾကကာ မိသားစုအေပၚတာဝန္ေက်ၿပီး နိုင္ငံအတြက္ အခြန္မ်ားစြာထမ္းေဆာင္နိုင္ၾကပါေစ ရႊင္လန္းကာစိတ္ခ်မ္းသာ ၾကပါေစေၾကာင္းျပန္လည္ ဆုေတာင္းေပးခဲ့ပါေသးတယ္ ။

Source : J-fire
Emily (Cele Gabar)

unicode

ပရိသတ်ကြီးရေ Burmese Ghouls အသင်းကို ဂုဏ်ပြုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး သူရေးသား သီဆိုခဲ့တဲ့ ခေတ် သီချင်းနဲ့ ကွဲပြားနေတဲ့အတွက်အတော်လေး အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ် ။ ဒီဝေဖန်မှုတွေ နဲ့ပတ်သက်ပြီး ပရိသတ်တွေကို J-fire က ခေတ်သီချင်းသည် အချိန်ကို အကျိုးရှိအောင်အသုံးချဖို့အဓိကပြောခဲ့တာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ် ။ Professional Player တွေရဲ့ ကိုယ့်နိုင်ငံကိုယ် စားပြုပြိုင်ပွဲအတွက် ဂုဏ်ယူထိုက်လို့ Postတင်ခဲ့တာ ဖြစ်ပြီး တင်ပြီးတဲ့ အချိန်မှာပဲ နားလည်မှု လွဲစွာ အပြန်အလှန် ဆဲဆိုမှုများ ကြောင့် အကျိုးမရှိဟုယူဆကာ Team နဲ့ တိုင်ပင်ပြီး Postအားပြန်လည်ဖြုတ်ချခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ် ။

တင်ခဲ့သည့်ပုံကလည် း ပြိုင်ပွဲကျင်းပတဲ့ Moonton မ္မဏီ မှ Myanmar National Team ကိုSupport ဖို့ “M2” Instagram Campaign အတွက်ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲမစခင် တစ်ပတ် အလိုက ရိုက်ကူးထားသောပုံဖြစ်တယ် လို့သိရပါတယ် ။ ဒါ့ကြောင့် နားလည်မှုလွဲသည်ဖြစ်စေ နားမလည်ချင်ယောင်ဆောင်သည် ဖြစ်စေ အားလုံးဟာ တစ်နိုင်ငံထဲသား ညီအကိုမောင်နှမများသာဖြစ်တဲ့အတွက် အများညီ ဤ ကို ကျွဲ မဖတ်ဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်းများပိုင်ဆိုင်ကြပါစေ လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ထက်ကနေ ရေးသားဖော်ပြလာခဲ့ပါတယ် ။

ဝေဖန်နေတဲ့ ပရိသတ်တွေ ကိုလည်း မိမိလျှောက်လှမ်း ချင်တဲ့ နယ်ပယ်တိုင်းမှာ Pro တစ်ယောက် ဖြစ်ရပ်တည်နိုင်သည်အထိကြီးပွါးတိုးတက်ကြကာ မိသားစုအပေါ်တာဝန်ကျေပြီး နိုင်ငံအတွက် အခွန်များစွာထမ်းဆောင်နိုင်ကြပါစေ ရွှင်လန်းကာစိတ်ချမ်းသာ ကြပါစေကြောင်းပြန်လည် ဆုတောင်းပေးခဲ့ပါသေးတယ် ။

Source : J-fire
Emily (Cele Gabar)