ပရိသတ္အခ်စ္ေတာ္ နန္းစုရတီစိုးကေတာ့ CDM မွာပူးေပါင္းပါဝင္ေပးလာတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီ တိုင္းကို ေက်းဇူးတင္ေၾကာင္းနဲ႔ ေပ်ာ္ပြဲရႊင္ပြဲလို ေဟးလား ဝါးလား လုပ္ေနလို႔ မရေၾကာင္းအသိေျပာၾကားလာတာပဲ ျဖစ္ပါတယ္။ နန္းစုဟာ ဗီဒီယို ေခတ္က တည္းက အႏုပညာေလာကထဲ ေရာက္ရွိလာခဲ့ၿပီး ပရိသတ္ေတြ အားေပးေထာက္ခံမႈရရွိကာ ယခုအခ်ိန္ မွာေတာ့ ေနရာတစ္ခုထိ ေရာက္ရွိ ေအာင္ျမင္ေနၿပီပဲ ျဖစ္ပါတယ္။

ယခုအခါမွာေတာ့ နန္းစုဟာ သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ”Now or Never ?????ငါတို႔က CDM ေတြ အလုပ္မသြားဖို႔ ဆုေတာင္းေနသလိုCDM ေတြကလည္း ငါတို႔ ေသြးမေအးသြားဖို႔ဆုေတာင္းတယ္တဲ့။ဒီစကားေလး ၾကားၿပီး စိတ္မေကာင္းျဖစ္ရသလို CDM လုပ္ေပးေနတဲ့ သူေတြကိုလည္းကိုယ္ခ်င္းစာမိပါတယ္။သူတို႔ ရင္းႏွီးထားရတာေတြ အလကားျဖစ္မွာ စိုးရိမ္ၾကမွာပဲ။တကယ္ပါ CDM ကို ပူးေပါင္းပါဝင္ေပး လာတဲ့တစ္ေယာက္ခ်င္းစီတိုင္းကိုလည္း အရမ္းေက်းဇူးတင္ပါတယ္ ”

“ေသြးေအးလိုက္လို႔ မရပါဘူးေျခာက္တိုင္းေၾကာက္ ၿပီး ပုန္းေနလိုက္လို႔ မရပါဘူးေပ်ာ္ပြဲရႊင္ပြဲသေဘာမ်ိဳး နဲ႔ ေဟးလားဝါးလား လုပ္ေနလို႔လဲ မရပါဘူးအေျပာင္အပ်က္ေတြနဲ႔ အာ႐ုံလႊဲလိုက္လို႔လဲမရပါဘူးအားလုံးရဲ့ အနာဂတ္ အတြက္ တိုက္ေနရ တဲ့ပြဲပါဒီတစ္ေခါက္မွ မနိုင္ရင္ ဘယ္ေတာ့မွ မနိုင္ေတာ့ဘူးဆိုတာေလး ေခါင္းထဲမွာ အျမဲထည့္ထားေစခ်င္ပါတယ္……” ဆိုၿပီး ေဖာ္ျပလာတာကို ပရိသတ္ေတြ အတြက္ျပန္လည္မၽွေဝေပးလိုက္တာ ပဲ ျဖစ္ပါတယ္ေနာ္…..။

သတင္းအရင္းျမစ္: Nansu Yati Soe’s FB account

unicode

ပရိသတ်အချစ်တော် နန်းစုရတီစိုးကတော့ CDM မှာပူးပေါင်းပါဝင်ပေးလာတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးတင်ကြောင်းနဲ့ ပျော်ပွဲရွှင်ပွဲလို ဟေးလား ဝါးလား လုပ်နေလို့ မရကြောင်းအသိပြောကြားလာတာပဲ ဖြစ်ပါတယ်။ နန်းစုဟာ ဗီဒီယို ခေတ်က တည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေ အားပေးထောက်ခံမှုရရှိကာ ယခုအချိန် မှာတော့ နေရာတစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ နန်းစုဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ”Now or Never ?????ငါတို့က CDM တွေ အလုပ်မသွားဖို့ ဆုတောင်းနေသလိုCDM တွေကလည်း ငါတို့ သွေးမအေးသွားဖို့ဆုတောင်းတယ်တဲ့။ဒီစကားလေး ကြားပြီး စိတ်မကောင်းဖြစ်ရသလို CDM လုပ်ပေးနေတဲ့ သူတွေကိုလည်းကိုယ်ချင်းစာမိပါတယ်။သူတို့ ရင်းနှီးထားရတာတွေ အလကားဖြစ်မှာ စိုးရိမ်ကြမှာပဲ။တကယ်ပါ CDM ကို ပူးပေါင်းပါဝင်ပေး လာတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ”

“သွေးအေးလိုက်လို့ မရပါဘူးခြောက်တိုင်းကြောက် ပြီး ပုန်းနေလိုက်လို့ မရပါဘူးပျော်ပွဲရွှင်ပွဲသဘောမျိုး နဲ့ ဟေးလားဝါးလား လုပ်နေလို့လဲ မရပါဘူးအပြောင်အပျက်တွေနဲ့ အာရုံလွှဲလိုက်လို့လဲမရပါဘူးအားလုံးရဲ့ အနာဂတ် အတွက် တိုက်နေရ တဲ့ပွဲပါဒီတစ်ခေါက်မှ မနိုင်ရင် ဘယ်တော့မှ မနိုင်တော့ဘူးဆိုတာလေး ခေါင်းထဲမှာ အမြဲထည့်ထားစေချင်ပါတယ်……” ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်နော်…..။

သတင်းအရင်းမြစ်: Nansu Yati Soe’s FB account