City FM (၁၉) ႏွစ္ျပည့္ ဂီတဆု ေပးပြဲႀကီးမွာ ၂၀၂၀ ခုႏွစ္အတြင္း ေတးသီခ်င္းေတာင္းဆိုခံရမႈ အမ်ားဆုံး အမ်ိဳးသားေတးသံရွင္ဆုကို ၿဖိဳးျမတ္ေအာင္နဲ႔ အမ်ိဳးသမီးေတးသံရွင္ဆုတို႔ကို နီနီခင္ေဇာ္တို႔က ဆြတ္ခူးသြားခဲ့ပါတယ္။ “ ကၽြန္ေတာ့္ရဲ့ သီခ်င္းကို ေတာင္းဆိုေပး ၾကတဲ့ ပရိသတ္ တစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ကၽြန္ေတာ္ ေက်းဇူးတင္ပါတယ္။ ဒီဆု ရလို႔လည္း ဝမ္းသာတယ္။ City FM ကိုလည္း ေက်းဇူး အမ်ားႀကီးတင္ ါတယ္ခင္ဗ်ာ” လို႔ ၿဖိဳးျမတ္ေအာင္က ဆိုပါတယ္။ ဒီဆုအတြက္ ၿဖိဳးျမတ္ေအာင္နဲ႔ Eternal Gosh တို႔က ဆန္ခါတင္ စာရင္္းဝင္ေရာက္ခဲ့တာျဖစ္ၿပီး ၿဖိဳးျမတ္ေအာင္က ရရွိခဲ့သြားတာျဖစ္ပါတယ္။

ေတးသီခ်င္းေတာင္းဆိုခံရမႈ အမ်ားဆုံး အမ်ိဳးသမီးေတးသံရွင္ ဆုအတြက္ ခ်မ္းေျမ့ေမာင္ခ်ိဳနဲ႔ နီနီခင္ေဇာ္က ဆန္ခါတ င္စာရင္္းဝင္ခဲ့တာျဖစ္ၿပီး နီနီခင္ေဇာ္္က ဆုကို ဆြတ္ခူးသြားတဲ့တာျဖစ္ပါတယ္။ ” အခုလို ဆု ရရွိခဲ့တဲ့အတြက္ ဝမ္းသာပါတယ္။ အနယ္နယ္ အရပ္ရပ္က သီခ်င္းေတာင္းဆိုေပးတဲ့ ပရိသတ္ေတြ၊ သီခ်င္းေရးဆရာေတြ၊ သီခ်င္းေကာင္းေတြ ျဖစ္လာဖို႔ အဘက္ဘက္က ပံ့ပိုးေပးခဲ့ ၾကသူေတြကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္” လို႔ အဆိုေတာ္္ နီနီခင္ေဇာ္က ေျပာပါတယ္။

ၿဖိဳးျမတ္ေအာင္က Myanmar idol (Season-3) သီခ်င္း ဆိုၿပိဳင္ပြဲကေန Winner ဆုရရွိခဲ့ၿပီးေနာက္ ဂီတေလာကထဲကို တစိုက္မတ္မတ္ ဝင္ေရာက္လာရင္း အခုဆို ပရိသတ္အခိုင္အမာ ရရွိထားတဲ့ အဆိုေတာ္ ျဖစ္လို႔ေနပါၿပီ။ နီနီခင္ေဇာ္ကလည္း Melody World သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ဂီတေလာက ထဲကို ေရာက္ရွိလာတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ၿပီး အခုဆိုရင္ ျပည္တြင္း ျပည္ပ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိထားသူ ျဖစ္သလို ဂီတဆုေတြလည္း အမ်ားႀကီး ရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။

ဆယ္လီရပ္ကြက္
Swelsone News

unicode

City FM (၁၉) နှစ်ပြည့် ဂီတဆု ပေးပွဲကြီးမှာ ၂၀၂၀ ခုနှစ်အတွင်း တေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသားတေးသံရှင်ဆုကို ဖြိုးမြတ်အောင်နဲ့ အမျိုးသမီးတေးသံရှင်ဆုတို့ကို နီနီခင်ဇော်တို့က ဆွတ်ခူးသွားခဲ့ပါတယ်။ “ ကျွန်တော့်ရဲ့ သီချင်းကို တောင်းဆိုပေး ကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီဆု ရလို့လည်း ဝမ်းသာတယ်။ City FM ကိုလည်း ကျေးဇူး အများကြီးတင် ါတယ်ခင်ဗျာ” လို့ ဖြိုးမြတ်အောင်က ဆိုပါတယ်။ ဒီဆုအတွက် ဖြိုးမြတ်အောင်နဲ့ Eternal Gosh တို့က ဆန်ခါတင် စာရင််းဝင်ရောက်ခဲ့တာဖြစ်ပြီး ဖြိုးမြတ်အောင်က ရရှိခဲ့သွားတာဖြစ်ပါတယ်။

တေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသမီးတေးသံရှင် ဆုအတွက် ချမ်းမြေ့မောင်ချိုနဲ့ နီနီခင်ဇော်က ဆန်ခါတ င်စာရင််းဝင်ခဲ့တာဖြစ်ပြီး နီနီခင်ဇော််က ဆုကို ဆွတ်ခူးသွားတဲ့တာဖြစ်ပါတယ်။ ” အခုလို ဆု ရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ အနယ်နယ် အရပ်ရပ်က သီချင်းတောင်းဆိုပေးတဲ့ ပရိသတ်တွေ၊ သီချင်းရေးဆရာတွေ၊ သီချင်းကောင်းတွေ ဖြစ်လာဖို့ အဘက်ဘက်က ပံ့ပိုးပေးခဲ့ ကြသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ အဆိုတော်် နီနီခင်ဇော်က ပြောပါတယ်။

ဖြိုးမြတ်အောင်က Myanmar idol (Season-3) သီချင်း ဆိုပြိုင်ပွဲကနေ Winner ဆုရရှိခဲ့ပြီးနောက် ဂီတလောကထဲကို တစိုက်မတ်မတ် ဝင်ရောက်လာရင်း အခုဆို ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ဖြစ်လို့နေပါပြီ။ နီနီခင်ဇော်ကလည်း Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောက ထဲကို ရောက်ရှိလာတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး အခုဆိုရင် ပြည်တွင်း ပြည်ပ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်သလို ဂီတဆုတွေလည်း အများကြီး ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်
Swelsone News