ဆယ္ေက်ာ္သက္ အရြယ္ေလးဆို ေပမယ့္ ခ်ီးက်ဴး ေလာက္စရာ အႏုပညာ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားတဲ့ အုပ္စိုးခန႔္ ကေတာ့ အႏုပညာေလာက ရဲ့ ၾကယ္ပြင့္ တစ္ပြင့္ပါပဲ။ ဂီတလမ္းေၾကာင္း မွာေရာ သ႐ုပ္ေဆာင္ နယ္ပယ္မွာ ပါ က်င္လည္ ေနတဲ့ အုပ္စိုးခန႔္ ကေတာ့ သူ႔ရဲ့ ငယ္ရြယ္ေနေသးတဲ့ အခ်ိန္ေတြကို အလုပ္ေတြလုပ္ရင္းနဲ႔သာ ကုန္ဆုံးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကလည္း လူငယ္ေပမယ့္ ႀကိဳးစားခ်င္ စိတ္အျပည့္ရွိၿပီး အရည္အခ်င္းလည္း ရွိတဲ့ အုပ္စိုးခန႔္ကို ခ်စ္ခင္ စြာ နဲ႔ အားေပးၾကပါတယ္။

ကိုဗစ္ကာလ မွာလည္း အႏုပညာအလုပ္ေတြ ကို ျဖည္းျဖည္း နဲ႔ မွန္မွန္ လုပ္ကိုင္ျဖစ္ေန တဲ့ အုပ္စိုးခန႔္က ဒီကေန႔ မွာေတာ့ သူ႔ရဲ့ အလုပ္ကိစၥ တစ္ခုေၾကာင့္ပဲ Covid-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးခံခဲ့ရတာပဲ ျဖစ္ပါတယ္။ အုပ္စိုးခန႔္က ေတာ့ Swab Test စစ္ေဆးတဲ့ သူ႔ရဲ့ အေတြ႕အၾကဳံ ဗီဒီယိုေလးကို မၽွေဝရင္း သူ႔မွာ ကိုဗစ္ပိုး လုံးဝ ကင္းစင္တဲ့ သတင္းေကာင္းေလး ကို ေျပာျပလာခဲ့ တာကို ေတြ႕ရပါတယ္။

အုပ္စိုးခန႔္ ကေတာ့ အလုပ္ေတြ ကို မနားတမ္း လုပ္ကိုင္ေနရတယ္ ဆိုေပမယ့္ က်န္းမာေရး လမ္းညႊန္ခ်က္နဲ႔ အညီ ကိုယ့္ကိုကိုယ္ ဆင္ဆင္ ျခင္ျခင္ ေနထိုင္ၿပီး ကာကြယ္ မႈေတြ ျပဳလုပ္ခဲ့တာ ေၾကာင့္ အခုလို ရလဒ္ ေကာင္းေတြ နဲ႔ ၾကဳံဆုံခဲ့ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း အုပ္စိုးခန႔္ ရဲ့ ေနာက္ထပ္အႏုပညာလႈပ္ရွားမႈ ေတြကို အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Oak Soe Khant’s fb
Bilie – Cele Connections

UNICODE

ဆယ်ကျော်သက် အရွယ်လေးဆို ပေမယ့် ချီးကျူး လောက်စရာ အနုပညာ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ အုပ်စိုးခန့် ကတော့ အနုပညာလောက ရဲ့ ကြယ်ပွင့် တစ်ပွင့်ပါပဲ။ ဂီတလမ်းကြောင်း မှာရော သရုပ်ဆောင် နယ်ပယ်မှာ ပါ ကျင်လည် နေတဲ့ အုပ်စိုးခန့် ကတော့ သူ့ရဲ့ ငယ်ရွယ်နေသေးတဲ့ အချိန်တွေကို အလုပ်တွေလုပ်ရင်းနဲ့သာ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း လူငယ်ပေမယ့် ကြိုးစားချင် စိတ်အပြည့်ရှိပြီး အရည်အချင်းလည်း ရှိတဲ့ အုပ်စိုးခန့်ကို ချစ်ခင် စွာ နဲ့ အားပေးကြပါတယ်။

ကိုဗစ်ကာလ မှာလည်း အနုပညာအလုပ်တွေ ကို ဖြည်းဖြည်း နဲ့ မှန်မှန် လုပ်ကိုင်ဖြစ်နေ တဲ့ အုပ်စိုးခန့်က ဒီကနေ့ မှာတော့ သူ့ရဲ့ အလုပ်ကိစ္စ တစ်ခုကြောင့်ပဲ Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်က တော့ Swab Test စစ်ဆေးတဲ့ သူ့ရဲ့ အတွေ့အကြုံ ဗီဒီယိုလေးကို မျှဝေရင်း သူ့မှာ ကိုဗစ်ပိုး လုံးဝ ကင်းစင်တဲ့ သတင်းကောင်းလေး ကို ပြောပြလာခဲ့ တာကို တွေ့ရပါတယ်။

အုပ်စိုးခန့် ကတော့ အလုပ်တွေ ကို မနားတမ်း လုပ်ကိုင်နေရတယ် ဆိုပေမယ့် ကျန်းမာရေး လမ်းညွှန်ချက်နဲ့ အညီ ကိုယ့်ကိုကိုယ် ဆင်ဆင် ခြင်ခြင် နေထိုင်ပြီး ကာကွယ် မှုတွေ ပြုလုပ်ခဲ့တာ ကြောင့် အခုလို ရလဒ် ကောင်းတွေ နဲ့ ကြုံဆုံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အုပ်စိုးခန့် ရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှု တွေကို အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Oak Soe Khant’s fb
Bilie – Cele Connections