Source Dave Leduc
UNICODE
ဘာကြောင့်လဲ။ ဘာကြောင့် ဒီလောက် တောင် ဖြစ်နေ ရတာလဲ ညီ အစ်ကို တို့။ လူကောင်းတွေ ဘ ယ်မှာလဲ။ ရဲတပ်ဖွဲ့ နဲ့ စစ်တပ် အနေ နဲ့ ပြည်သူတွေ ရဲ့အိမ်တွေကို ချိုးဖျက် ပြီး သူတို့ကိုနာကျင် အောင်လုပ်ဖို့ မလိုဘူး လေဗျာ။ ဒါဟာ တရားနည်း လမ်းမ ကျတဲ့ မင်းမဲ့ စရိုက်ဆိုတာ ခင်ဗျားတို့ လည်း သိနေတာပဲ။ မြန်မာ ပြည်သူတွေကို စောင့်ရှောက် ကာကွယ် ပေးမယ် လို့ ကတိပေးခဲ့ တာလေ ဗျာ။ခင်ဗျားတို့က ပြည်သူ့ သက်တော် စောင့်တွေပါ။ လက်ဖက် ရည်ဆိုင် ပိုင်ရှင်တွေ ပါဆယ် ပို့ သမားတွေ၊ ဘဏ်ဝန် ထမ်းတွေ၊ လမ်း ပေါ်မှာ ထမင်း ကြော် ရောင်းနေ တဲ့ အမေကြီးတွေ မိသားစုကို ရှာကျွေးနေတဲ့ ဆောက်လုပ်ရေး အလုပ်သမား တွေဆိုတာ ခင်ဗျား တို့ အမေ၊ ညီမ၊ အစ်ကိုနဲ့ ငယ်သူငယ်ချင်း တွေပါဗျာ။ ဘာလို့ လည်းသိလား။ ခင် ဗျားတို့ ကလည်း ပြည်သူ တွေ မို့လို့ပါ။ ဒီမိသားစု
အကြီး ကြီးထဲ က မိသားစုဝင် တွေ မို့လို့ပါ။ ဒီလို တစ်ယောက် ချင်းစီ နဲ့ ဖွဲ့စည်း ထားလို့ မြန်မာက လှပပြီး ခွန်အားရှိ နေတာပါ။ အကုန်လုံး ဖျက်ဆီး ခံရပြီး လူတိုင်းက ကြောက်နေ ကြရင်၊ သေကုန် ကြရင်၊ ထောင်ထဲ ရောက်နေ ကြရင်၊ ဘယ်သူမှ ခရီးသွား လာမှုမရှိ တော့ဘူး ဆိုရင် တိုင်းပြည် ဆိုတာ ရှိပါဦးမ လားဗျာ။ မြန်မာ နိုင်ငံအတွက် ရပ် တည်ပြီး ဒါဟာ တော်သင့်ပြီလို့ ပြောမယ့်
ယောက်ျားကောင်း တွေလို အပ် ပါတယ်။ ” ငါက ကိုယ့်အလုပ် ကို လုပ်တယ်၊ တည်ငြိမ်ပြီး အေးချမ်းမှု ကို ဆောင်ရွက်တယ်၊ ဒါပေမယ့် ပြည်သူ တွေ ကိုမသတ်ဘူးလို့ ပြောပေး မယ် သူတွေပေါ့ မြန်မာ ပြည်သူတွေက အခုကိုပဲ သူတို့ ရဲ့ သက်တော် စောင့်တွေ သူတို့ရဲ့ သူရဲကောင်းတွေ ကို လိုအပ်နေ တာပါ။ ခင်ဗျားတို့မှာ တင်းကျပ်တဲ့ အမိန့်ရှိတယ် အလုပ် ပြုတ်မှာ၊ ဝင်ငွေ မရှိမှာ ခင်ဗျားတို့ စိုးရိမ် တယ်ဆို တာလည်း သိပါတယ်။ ခင်ဗျားတို့ အခု ချလိုက်တဲ့ ဆုံးဖြတ် ချက်ဟာ တိုင်းပြည် အနာဂ တ်ကို အဆုံးအဖြတ် ပေးမယ့် အရာပါ။ အာဏာ ရှင်စနစ် အောက်က ဘဝက ကောင်းမယ်လို့ ခင်ဗျားထင် နေရင် အဲဒါ အကြီး ကြီးလွဲနေတာပဲ။ ခင် ဗျားက စစ်ကျွန် ဖြစ်နေတာ။ အခု တော့ ခင်ဗျား အမှန်မြင် ချင်မှ မြင်မယ်။ ဒါပေမယ့် ခင်ဗျားတစ်နေ့ မှာ နောင်တ
ရလိမ့်မယ်။ အခုရပ် ဖို့ နောက်မကျသေးပါဘူး။ အကြောက် တရားနဲ့ အသက်ရှင် နေရတာထက် သေရတာ က ပိုမြတ်ပါ သေးတယ်ဗျာ။
Source Dave Leduc