ပရိသတ်ကြီးရေ ကျားပေါက် လို့ပြောလိုက်တာနဲ့ သူ့ရဲ့အမိုက်စား သီချင်းတွေကို တဆက်တည်းပြေးမြင် ကြမှာပါ။ ဂီတ ဘက်မှာ တေးရေး တေးဆိုအပြင်..တူရိယာ တွေကိုပါ မျိုးစုံတီးခတ်နိုင်တဲ့ အမိုက်စား ဂီတပညာရှင် တစ်ယောက်ပါပဲနော်။ ကျားပေါက်က The Voice Myanmar Season 3 မှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင် ကူညီပေးခဲ့ ဖူးသေးတာ ဖြစ်ပါတယ်။ချစ်စရာသမီးလေး၂ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကျားပေါက် ဟာ လတ်တလောမှာ စစ်အာဏာရှင်ကိုဆန့်ကျင်မှုနဲ့ ပုဒ်မ ၅၀၅ (က) အထုတ်ခံထားရသော်လည်း .ခံယူချက်ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ကိုကျားကတော့ အဆုံးထိတိုင် တော်လှန်တွန်းလှန် နိုင်ရန်အတွက် လွတ်မြောက်နေရာ တစ်ခုမှာ ရှောင်တိမ်း နေထိုင်ကာတော်လှန်ရေး အတွက် သူ့ရဲ့ပြောင်မြောက်လှ တဲ့ အနုပညာ ဖန်တီးမှုတွေ တစ်ခုပြီးတစ်ခု နဲ့ ရန်ပုံငွေများစွာ ကို ရှာဖွေပေးနေ တာလည်း ဖြစ်ပါတယ်နော်။

ဒီနေ့မှာလည်း သူကိုယ်တိုင် ဖန်တီးထားတဲ့ Doodle Art အိတ် ၉ လုံးကို လေလံဆွဲခဲ့ပြီးတော့ ရရှိတဲ့အလှူငွေ အားလုံးကို ချင်းပြည်နယ် ထန်တလန်မြို့လေးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ထန်တလန် မြို့လေးအတွက် အဆိုတော် ဟန်ထူးလွင် (ခ) ကျားပေါက် ရဲ့ Doodle Art ဖန်တီးမှု နဲ့ အိတ်၉လုံးကို အိတ်ပိတ်တင်ဒါပုံစံ နဲ့ ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော် ရရှိခဲ့ပါတယ်။Print ထုတ်ထားတာ မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတဲ့ အိတ်တွေကိုတော့ တလုံးကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ၅၀၀ သတ်မှတ်ခဲ့ပြီး ပေးလိုတဲ့အမြင့်ဆုံး စျေးနှုန်းကို အိတ်နံပါတ် နဲ့ အတူ အမြင့်ဆုံးပေးဝယ်ယူသူတွေကို ရောင်းချခဲ့တာ ဖြစ်ပြီးတော့ ဝယ်ယူသူတွေဟာ အိတ်၁လုံးကို ဒေါ်လာ၁၀၀၀ ကနေ ၃၃၀၀ ကျော်ထိ အမြင့်ဆုံးဈေး ပေးဝယ်ယူခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဟန်ထူးလွင်(ခ) ကျားပေါက်ဟာ သိပ်မကြာခင်တုန်းကလည်း Doodle Art ရေးဆွဲ ထားတဲ့ Ukulele ဂစ်တာတစ်လက်ကို NUGကို လှူဒါန်းဖို့အတွက် လေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅ဝဝနဲ့ ကမ႓ာမှာ အမြင့်ဆုံးအဖြစ် လေလံအောင် သွားခဲ့ပါတယ်။ယခုလေလံမှာလည်း ရရှိသမျှ ငွေကြေးကို ချင်းပြည်နယ် ထန်တလန်မြို့ကို ပြန်လည်လှူဒါန်းမယ့် အဆိုတော်ဟန်ထူးလွင် (ခ) ကျားပေါက်ရဲ့အလှူဒါနနဲ့ မွန်မြတ်လှတဲ့ စိတ်ထား ကုသိုလ်ကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။အချိန်ပေးဖတ်ရှု့ပေးတဲ့ စာဖတ် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ လိုလားတောင့်တ အပ်သော ဆန္ဒများလည်း အမြန်ဆုံးပြည့်ဝပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ရှင်သန်ရပ်တည်နိုင်ကြသူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးအပ်ပါသည်။

Credit….

ZAWGYI

ပရိသတ္ႀကီးေရ က်ားေပါက္ လို႔ေျပာလိုက္တာနဲ႔ သူ႔ရဲ့အမိုက္စား သီခ်င္းေတြကို တဆက္တည္းေျပးျမင္ ၾကမွာပါ။ ဂီတ ဘက္မွာ ေတးေရး ေတးဆိုအျပင္..တူရိယာ ေတြကိုပါ မ်ိဳးစုံတီးခတ္နိုင္တဲ့ အမိုက္စား ဂီတပညာရွင္ တစ္ေယာက္ပါပဲေနာ္။ က်ားေပါက္က The Voice Myanmar Season 3 မွာ ဒိုင္တစ္ေယာက္အျဖစ္ ပါဝင္ ကူညီေပးခဲ့ ဖူးေသးတာ ျဖစ္ပါတယ္။ခ်စ္စရာသမီးေလး၂ေယာက္ကို ပိုင္ဆိုင္ထားတဲ့ က်ားေပါက္ ဟာ လတ္တေလာမွာ စစ္အာဏာရွင္ကိုဆန႔္က်င္မႈနဲ႔ ပုဒ္မ ၅၀၅ (က) အထုတ္ခံထားရေသာ္လည္း .ခံယူခ်က္ျပတ္သားတဲ့ စိတ္ဓာတ္နဲ႔ ကိုက်ားကေတာ့ အဆုံးထိတိုင္ ေတာ္လွန္တြန္းလွန္ နိုင္ရန္အတြက္ လြတ္ေျမာက္ေနရာ တစ္ခုမွာ ေရွာင္တိမ္း ေနထိုင္ကာေတာ္လွန္ေရး အတြက္ သူ႔ရဲ့ေျပာင္ေျမာက္လွ တဲ့ အႏုပညာ ဖန္တီးမႈေတြ တစ္ခုၿပီးတစ္ခု နဲ႔ ရန္ပုံေငြမ်ားစြာ ကို ရွာေဖြေပးေန တာလည္း ျဖစ္ပါတယ္ေနာ္။

ဒီေန႔မွာလည္း သူကိုယ္တိုင္ ဖန္တီးထားတဲ့ Doodle Art အိတ္ ၉ လုံးကို ေလလံဆြဲခဲ့ၿပီးေတာ့ ရရွိတဲ့အလႉေငြ အားလုံးကို ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ေလးကို ျပန္လည္လႉဒါန္းသြားမယ္လို႔ သိရပါတယ္။ထန္တလန္ ၿမိဳ႕ေလးအတြက္ အဆိုေတာ္ ဟန္ထူးလြင္ (ခ) က်ားေပါက္ ရဲ့ Doodle Art ဖန္တီးမႈ နဲ႔ အိတ္၉လုံးကို အိတ္ပိတ္တင္ဒါပုံစံ နဲ႔ ေရာင္းခ်ခဲ့ရာမွာ အေမရိကန္ေဒၚလာ ၂ ေသာင္းေက်ာ္ ရရွိခဲ့ပါတယ္။Print ထုတ္ထားတာ မဟုတ္ဘဲ က်ားေပါက္ကိုယ္တိုင္ လက္နဲ႔ ေရးဆြဲထားတဲ့ အိတ္ေတြကိုေတာ့ တလုံးကို ၾကမ္းခင္းေစ်း အေမရိကန္ေဒၚလာ၅၀၀ သတ္မွတ္ခဲ့ၿပီး ေပးလိုတဲ့အျမင့္ဆုံး ေစ်းႏႈန္းကို အိတ္နံပါတ္ နဲ႔ အတူ အျမင့္ဆုံးေပးဝယ္ယူသူေတြကို ေရာင္းခ်ခဲ့တာ ျဖစ္ၿပီးေတာ့ ဝယ္ယူသူေတြဟာ အိတ္၁လုံးကို ေဒၚလာ၁၀၀၀ ကေန ၃၃၀၀ ေက်ာ္ထိ အျမင့္ဆုံးေဈး ေပးဝယ္ယူခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။

ဟန္ထူးလြင္(ခ) က်ားေပါက္ဟာ သိပ္မၾကာခင္တုန္းကလည္း Doodle Art ေရးဆြဲ ထားတဲ့ Ukulele ဂစ္တာတစ္လက္ကို NUGကို လႉဒါန္းဖို႔အတြက္ ေလလံတင္ေရာင္းခ်ခဲ့ရာမွာ အေမရိကန္ေဒၚလာ ၂၇,၅ဝဝနဲ႔ ကမ႓ာမွာ အျမင့္ဆုံးအျဖစ္ ေလလံေအာင္ သြားခဲ့ပါတယ္။ယခုေလလံမွာလည္း ရရွိသမၽွ ေငြေၾကးကို ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ကို ျပန္လည္လႉဒါန္းမယ့္ အဆိုေတာ္ဟန္ထူးလြင္ (ခ) က်ားေပါက္ရဲ့အလႉဒါနနဲ႔ မြန္ျမတ္လွတဲ့ စိတ္ထား ကုသိုလ္ကို သာဓုေခၚဆိုခဲ့ပါအုန္းေနာ္။အခ်ိန္ေပးဖတ္ရႈ႔ေပးတဲ့ စာဖတ္ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။ လိုလားေတာင့္တ အပ္ေသာ ဆႏၵမ်ားလည္း အျမန္ဆုံးျပည့္ဝၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာ ရွင္သန္ရပ္တည္နိုင္ၾကသူမ်ား ျဖစ္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းမ်ား ေတာင္းေပးအပ္ပါသည္။

Credit….