


Credit – Cele Zone
Photo – Khin Hlaing

unicode

ပရိသတ်တွေ အရမ်းအားပေးကြတဲ့ Double Dating အစီအစဉ် လေးးမှာ ပါဝင်ကြသူတွေဟာ အစီအစဉ်လေး ပိုပြီးမြိုင်ဆို င်သွား အောင် တကယ့်ချစ်သူစုံတွဲတွေလို ပြုမူကြပါတယ်။ ဖေဖေ မေမေတို့ကလည်း အနောက်က လိုက်ပြီးအားဖြည့်ပေးတော့ တကယ်ကိုပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေဖြစ်ခဲ့မှာပါ။ ဦးခင်လှိုင်တို့ဇနီးမောင်နှံကလည်း ချစ်သမီးလေး သဲတုံအတွက် လိုက်ပြီးအားပေးသလို ယွန်းယွန်းရဲ့မိဘတွေကလည်း အတူတူလိုက်ပါပေးခဲ့ကြပါတယ်။

ဒီတစ်ခေါက်ရိုက်ကွင်းကတော့ မိုးယွန်းကြီးအပန်းဖြေစခန်းဖြစ်ပြီး အလုပ်တွေလည်းလုပ်သလို ပျော်စရာ အချိန်လေးတွေလည်း အတူတူကုန်ဆုံ းခဲ့ကြပါတယ်။ ရိုဆန်လွန်းတဲ့ Double Dating စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံးလိုကိုဖြစ်နေခဲ့တာပါ။ ကိုနဲ့ ပုဂံသူလေးအပြင် ကိုနဲ့သဲတုံတို့ရဲ့ ရိုဆန်ဆန်အပြုအမူလေလးတွေဟာ မြင်သူတိုင်း အတွက်တော့ တကယ်ကိုကြည်နူးစရာ ဖြစ်စေခဲ့ပါတယ်။

ဖဖေခင်လှိုင် ကတော့ သမီးလေးရဲ့ ရိုက်ကွင်းကိုလိုက်ခဲ့ပြီးပျော်ခဲ့ရတဲ့ အမှတ်တရတွေကို ” စိတ်ကျေနပ်စရာတွေ အပြည့်ပါပဲ အရာအရာပြည့်စုံအောင်စီစဉ်ပေးကြတဲ့ တာဝန်ရှိသူတွေ ဝန်ထမ်းတွေရဲ့ ဧည့်ဝတ်ကြေပြီးနွေးထွေးပျုငှါလိုက် ကြတာလဲ ကိုယ်ကတောင်ပြန် အားနာနေရတယ် ဒီတစ်ခေါက်ကတော့ သမီးလေးသဲသဲရဲ့ Double Dating Program အတွက် လိုအပ်တာများ ဝိုင်းဝန်းကူညီပေး ကြသူများကို ကျေးဇူးတင်ပါတယ် နောက်တစ်ခါ ဆိုရင်တော့ မိသားစုနဲ့အတူ အပန်းဖြေဖို့လာခဲ့ပါဦးမယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit – Cele Zone
Photo – Khin Hlaing