ပရိသတ်ကြီးရေ မိတ်ကပ်အလှဖန်တီးရှင်လေးမေဦးနဲ့ မော်ဒယ်မင်းသားချောလေးဟန်လင်း တို့ဟာဆိုရင် LGBTစုံတွဲလေးအဖြစ်ပရိသတ်တွေကြား ရေပန်းစား သူတွေဖြစ်ပါတယ်။အချစ်စစ်အချစ်မှန်တွေ နဲ့တည်ဆောက်ထားတဲ့သူတို့စုံတွဲလေးဟာ လူအများချီးကျူးအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်နော်။

အခုဆိုရင်တော့သူတို့ချစ်သူနှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေရင်း အမေရိကန်ကိုနိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်ရှိနေကြကာ အနုပညာအလုပ်တွေနဲ့တော့ အဆက်အသွယ်ပြတ်တောက်လျက်ရှိပါတယ်။ဒီကနေ့ ဇူလိုင်လ (၂၉) ရက်နေ့ကတော့ မေဦးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ဟန်လင်းက ချစ်သူလေးအတွက်အမှတ်တရတွေ ဖန်တီးပေးတတ်ပေမယ့် အခုနှစ်မှာတော့ ပြည်ပကိုရောက်ရှိနေတာမို့ နှစ်ယောက်တည်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

ဟန်လင်းက“Happy birthday my piggy🤍” ဆိုပြီး ရိုးရိုးရှင်းရှင်းစာသားလေး နဲ့ပဲ ချစ်သူမေဦးကိုမွေးနေ့ဆုတောင်းပေးခဲ့ပါတယ်နော်။ဟန်လင်းနဲ့မေဦးတို့နောက်နှစ်မွေးနေ့တွေမှာ ဒီ့ထက်ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit;

zawgyi




Credit;