ဂီတလောက မှာ အောင်မြင်မှုတွေ ရရှိပြီးမှ ကွယ်လွန် သွားရှာခဲ့တဲ့ အဆိုတော်ရေမွန် ကို ချစ်တဲ့ပရိသတ်တွေ နဲ့ အနုပညာ မောင်နှမတွေက အမြဲအမှတ်ရနေခဲ့ပါတယ်။ ရေမွန်ဟာ Idiots Bandရဲ့ ပင်တိုင်အဆိုတော် တစ်ဦးဖြစ်ပြီး တေးသီချင်းများစွာ ကိုလည်း ထွက်ရှိထားကာ ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါတယ်။ ဇွန်လ (၂၃) ရက်နေ့မှာတော့ လွတ်မြောက်နယ်ကိုရောက်နေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ် နဲ့ ကွယ်လွန်သွားခဲ့တဲ့ ရေမွန် အတွက် ချစ်တဲ့ ပရိသတ်တွေက အမြဲအမှတ် ရစေဖို့ ရေမွန်ရဲ့ ပုံလေးတွေနဲ့ သီချင်းတွေ ကို ခန္ဓာကိုယ်ပေါ်တွေမှာ ရေးထိုးထားခဲ့ကြသလို တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာ ဆိုရင်လည်း အမှတ်တရအနေ ဖြင့် Idiots Raymond Room ဆိုတဲ့ အခန်းလေးတွေလည်း သီးသန့် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ အဲ့ဒီဆိုင်လေးကိုတော့ ရေမွန်ကိုချစ်တဲ့ ပရိသတ်တွေက မကြာခဏ လာရောက်တတ်ကြတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ရေမွန်ရဲ့ အမှတ်တရပစ္စည်းတွေ ထားရှိတဲ့ တောင်ကြီးမြို့က Idiots Raymond Roomဆိုတဲ့ အခန်းလေးရဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ကြားသိရပါတယ်။ ဒါကတော့ Idiots Raymond Roomဆိုတဲ့ အခန်းလေးမှာ ထားရှိတဲ့ ရေမွန့်အမှတ်တရ ပစ္စည်းတွေ အားလုံးနီးပါး အခိုးခံရတာ ဖြစ်ပါတယ်။ “Y Nyein Kywe” Facebook အကောင့် ပိုင်ရှင်က ရေမွန့် အမှတ်တရပစ္စည်းတွေ လာရောင်းတာတွေတွေ့ရှိရင် ဆက်သွယ်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ဒါ့အပြင် ချစ်ခင်အားပေးခဲ့တဲ့ အဆိုတော် ရေမွန်ရဲ့ အမှတ်တရပစ္စည်းတွေ အခိုးခံရလို့ ပရိသတ်တွေက လည်း စိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်။

Photo Credit – Y Nyein Kywe
Source – Y Nyein Kywe

ZAWGYI

ဂီတေလာက မွာ ေအာင္ျမင္မႈေတြ ရရွိၿပီးမွ ကြယ္လြန္ သြားရွာခဲ့တဲ့ အဆိုေတာ္ေရမြန္ ကို ခ်စ္တဲ့ပရိသတ္ေတြ နဲ႔ အႏုပညာ ေမာင္ႏွမေတြက အျမဲအမွတ္ရေနခဲ့ပါတယ္။ ေရမြန္ဟာ Idiots Bandရဲ့ ပင္တိုင္အဆိုေတာ္ တစ္ဦးျဖစ္ၿပီး ေတးသီခ်င္းမ်ားစြာ ကိုလည္း ထြက္ရွိထားကာ ပရိသတ္ေတြ ရဲ့ အားေပးမႈေတြကို အခိုင္အမာရရွိခဲ့ပါတယ္။ ဇြန္လ (၂၃) ရက္ေန႔မွာေတာ့ လြတ္ေျမာက္နယ္ကိုေရာက္ေနရင္း ႐ုတ္တရက္ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

အသက္(၃၂)ႏွစ္အရြယ္ နဲ႔ ကြယ္လြန္သြားခဲ့တဲ့ ေရမြန္ အတြက္ ခ်စ္တဲ့ ပရိသတ္ေတြက အျမဲအမွတ္ ရေစဖို႔ ေရမြန္ရဲ့ ပုံေလးေတြနဲ႔ သီခ်င္းေတြ ကို ခႏၶာကိုယ္ေပၚေတြမွာ ေရးထိုးထားခဲ့ၾကသလို ေတာင္ႀကီးၿမိဳ႕က ဆိုင္တစ္ဆိုင္မွာ ဆိုရင္လည္း အမွတ္တရအေန ျဖင့္ Idiots Raymond Room ဆိုတဲ့ အခန္းေလးေတြလည္း သီးသန္႔ ျပဳလုပ္ေပးထားတာ ေတြ႕ရပါတယ္။ အဲ့ဒီဆိုင္ေလးကိုေတာ့ ေရမြန္ကိုခ်စ္တဲ့ ပရိသတ္ေတြက မၾကာခဏ လာေရာက္တတ္ၾကတယ္လို႔ သိရပါတယ္။

ဒီကေန႔မွာေတာ့ ေရမြန္ရဲ့ အမွတ္တရပစၥည္းေတြ ထားရွိတဲ့ ေတာင္ႀကီးၿမိဳ႕က Idiots Raymond Roomဆိုတဲ့ အခန္းေလးရဲ့ စိတ္မေကာင္းစရာ သတင္းတစ္ခုကို ၾကားသိရပါတယ္။ ဒါကေတာ့ Idiots Raymond Roomဆိုတဲ့ အခန္းေလးမွာ ထားရွိတဲ့ ေရမြန္႔အမွတ္တရ ပစၥည္းေတြ အားလုံးနီးပါး အခိုးခံရတာ ျဖစ္ပါတယ္။ “Y Nyein Kywe” Facebook အေကာင့္ ပိုင္ရွင္က ေရမြန္႔ အမွတ္တရပစၥည္းေတြ လာေရာင္းတာေတြေတြ႕ရွိရင္ ဆက္သြယ္ေပးဖို႔ အကူအညီေတာင္းခံခဲ့ပါတယ္။ဒါ့အျပင္ ခ်စ္ခင္အားေပးခဲ့တဲ့ အဆိုေတာ္ ေရမြန္ရဲ့ အမွတ္တရပစၥည္းေတြ အခိုးခံရလို႔ ပရိသတ္ေတြက လည္း စိတ္မေကာင္းျဖစ္ေနၾကတာ ေတြ႕ရပါတယ္။

Photo Credit – Y Nyein Kywe
Source – Y Nyein Kywe