


Yuan -cele Zone
Photo – Eint Chit

UNICODE

နာမည်ကြီး အဆိုတော် ချစ်ကောင်း ရဲ့သမီးလေး ဖြစ်တဲ့ အဆိုတော် အိမ့်ချစ်ကတော့ ဖခင်ဖြစ် သူရဲ့ ခြေရာကို တစ်ထပ်တည်း နင်းနိုင်သူလေး ဖြစ်ပါတယ်။ အသံပါဝါ အားကောင်းကောင်း နဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ အိမ့်ချစ် က ကိုယ်ပိုင် အရည်အချင်းတွေ နဲ့ ဂီတ လမ်းကြောင်းထက် မှာ အောင်မြင်နေတာ ဖြစ်ပါတယ်။ အိမ့်ချစ်က တစ်ကိုယ်တော် အခွေတွေ ထွက်ရှိအောင်မြင်ခဲ့ သလို ရှိုးပွဲကြီး တွေမှာလည်း ပါဝင် ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။

သီချင်း ကောင်းလေးတွေ ဖန်တီး တတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြစ်နေတဲ့ သူမက လူငယ် ပရိသတ်တွေ ကြား ရေပန်းစား ကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော် မလေးတစ်ဦးပဲ ဖြစ်ပါတယ်။အိမ့်ချစ် ကတော့ အလွမ်း အဆွေးစ တဲ့ ဂီတ အမျိုးအစားများစွာ ကို ကိုယ်တိုင်ရေးစပ် သီဆိုလေ့ရှိပြီး အောင်မြင်နေသူ တစ်ယောက် ပါ။

သူမက တော့ အနုပညာအလုပ် တွေတောက်လျှောက် လုပ်နေတာဖြစ်ပြီး လှုပ်ရှား မှုပုံရိပ်လေးတွေကိုလည်း ဖော်ပြလေ့ ရှိတာလည်းတွေ့ရပါတယ်။ အခုလည်း 2020 တစ်နှစ်တာ လုံးအတွက် joox ကပေးတဲ့ popular song of the year ရွှေဆုလေးကို ဘဝအဆက်ဆက် သီချင်းလေး နဲ့ ရရှိခဲ့လို့ အတိုင်းမသိပျော်ရွှင်နေကြောင်းနဲ့ ပရိသတ်တွေ ကိုလည်းကျေးဇူး အထူးတင်ကြောင်း ပုံလေးတွေ နဲ့ တကွ ဝေမျှထားတာ တွေ့ရပါတယ်။ အိမ့်ချစ် ရဲ့ ဘဝအဆက်ဆက် သီချင်းလေးကလည်းတကယ်ကို နားထောင်ကောင်းတာ အမှန်ပါပဲ။ ရှေ့ဆက်ပြီးလည်း အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးရင်း သတင်းလေးကို မျှဝေ ပေးလိုက်ပါတယ်။

Yuan -cele Zone
Photo – Eint Chit