ပရိသတ္ႀကီးေရ အဆိုေတာ္ Ah Boy ကေတာ့ လက္ရွိ မွာ ခ်စ္စရာ ေကာင္းတဲ့ သမီး ၃ေယာက္ ကိုပိုင္ဆိုင္ထား သူပဲ ျဖစ္ပါတယ္။ ဇနီး ျဖစ္ သူ ျမတ္ရတနာေက်ာ္ကလည္း ပထမဇနီး နဲ႔ ရရွိခဲ့တဲ့ သမီးေလးႏွစ္ေယာက္ အေပၚ အေမရင္း သဖြယ္ ဂ႐ုစိုက္မႈေၾကာင့္ သူတို႔မိသားစုေလးကေတာ့ အျမဲေပ်ာ္ရႊင္ကာ စိတ္ခ်မ္းသာ စရာေကာင္းေနတာပဲ ျဖစ္ပါတယ္။မၾကာေသးမီက လည္း အဆိုေတာ္ခ်မ္းေျမ့ေမာင္ခ်ိဳ နဲ႔ အတူ AhBoy ကေတာ့ သီခ်င္းေလးတစ္ပုဒ္ ကို ဖန္တီးကာ ပရိသတ္ေတြကိုခ်ျပခဲ့တာ ျဖစ္ပါတယ္။Ah Boy နဲ႔ ျမတ္ရတနာေက်ာ္ကေတာ့ အိမ္ေထာင္သက္ (၂) ႏွစ္ေက်ာ္ ရွိခဲ့ေပမယ့္ အခ်စ္ေတြ ကေတာ့ အခုခ်ိန္ထိ လတ္ဆတ္ေနဆဲ ျဖစ္ၿပီး ႏွစ္ေယာက္ အတူတူ ” Our Travel Diaries ” ဆိုတဲ့ Page ေလး နဲ႔ Vlog ေလးေတြ ျပဳလုပ္ လ်က္ ရွိေနတာပဲ ျဖစ္ပါတယ္။

လက္ရွိ မွာလည္း ”သီခ်င္းေတြ နဲ႔ ႏွစ္ေတြ အၾကာႀကီး ေဝးကြာခဲ့ေပမယ့္ ပထမဆုံး ျပန္ဆိုျဖစ္ခဲ့တဲ့ အေငြ႕အသက္မ်ား သီခ်င္းေလးက ခုေတာ့ ကၽြန္ေတာ့္ဘဝအတြက္ ေနာက္ထပ္ မွတ္တိုင္ တစ္ခုျဖစ္ခဲ့ ရပါၿပီ။ JOOX 2020 Popular Song Award မွာ ကၽြန္ေတာ္ နဲ႔ ခ်မ္းေျမ့ေမာင္ခ်ိဳ တို႔ရဲ့သီခ်င္းေလး က ဆုရရွိသြားတဲ့အတြက္ အတိုင္းမသိ ဝမ္းသာေက်နပ္ ပီတိ ျဖစ္ရပါတယ္ခင္ဗ်ာ။ကၽြန္ေတာ္ဘဝရဲ့ ပထမဆုံးရဖူးတဲ့ ပရိသတ္ေတြ ကေပးတဲ့ ဂီတ နဲ႔ ပက္သက္တဲ့ ဆုေလးဆိုလည္း မမွားပါဘူး။ ခုလိုမ်ိဳး ဆု ရရွိေအာင္ အၿပိဳင္ vote ေပးခဲ့ၾကတဲ့ က်ေနာ့္ရဲ့ Fan တစ္ေယာက္ခ်င္း ဆီတိုင္းေရာ၊ အထူးသျဖင့္ ေမာင္ခ်ိဳ ရဲ့ Milestones မ်ားကို ေက်းဇူး အထူးအထူး တင္ပါတယ္ခင္ဗ်ာ။ ဒီသီခ်င္းကို အေကာင္းဆုံး ေရးသား ဖန္တီးေပးခဲ့ တဲ့ ကိုသားႀကီး ႏွင့္ Music Producer JCZ ကို လည္း ေက်းဇူးအထူး တင္ပါတယ္။

ကၽြန္ေတာ္ ေနာက္ထပ္သီခ်င္းေတြ ထပ္လုပ္ဖို႔ ခြန္အားေတြ အမ်ားႀကီးရသြားပါၿပီ။ ကၽြန္ေတာ့္ ပရိသတ္ေတြ အတြက္ ဒီထပ္ပိုေကာင္း တဲ့ သီခ်င္းေတြနဲ႔၂၀၂၁ မွာတင္ဆက္ ေပးသြားနိုင္ေအာင္ ႀကိဳးစားသြားပါမယ္ဗ်ာ။ Love you all!!!”ဆိုတဲ့ စာေလးနဲ႔အတူ ၂၀၂၁ အစဟာ အဓိပၸါယ္ရွိသြားၿပီျဖစ္ေၾကာင္း ေျပာျပခဲ့တာပါ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Kyaw Phyo Htun

UNICODE

ပရိသတ်ကြီးရေ အဆိုတော် Ah Boy ကတော့ လက်ရှိ မှာ ချစ်စရာ ကောင်းတဲ့ သမီး ၃ယောက် ကိုပိုင်ဆိုင်ထား သူပဲ ဖြစ်ပါတယ်။ ဇနီး ဖြစ် သူ မြတ်ရတနာကျော်ကလည်း ပထမဇနီး နဲ့ ရရှိခဲ့တဲ့ သမီးလေးနှစ်ယောက် အပေါ် အမေရင်း သဖွယ် ဂရုစိုက်မှုကြောင့် သူတို့မိသားစုလေးကတော့ အမြဲပျော်ရွှင်ကာ စိတ်ချမ်းသာ စရာကောင်းနေတာပဲ ဖြစ်ပါတယ်။မကြာသေးမီက လည်း အဆိုတော်ချမ်းမြေ့မောင်ချို နဲ့ အတူ AhBoy ကတော့ သီချင်းလေးတစ်ပုဒ် ကို ဖန်တီးကာ ပရိသတ်တွေကိုချပြခဲ့တာ ဖြစ်ပါတယ်။Ah Boy နဲ့ မြတ်ရတနာကျော်ကတော့ အိမ်ထောင်သက် (၂) နှစ်ကျော် ရှိခဲ့ပေမယ့် အချစ်တွေ ကတော့ အခုချိန်ထိ လတ်ဆတ်နေဆဲ ဖြစ်ပြီး နှစ်ယောက် အတူတူ ” Our Travel Diaries ” ဆိုတဲ့ Page လေး နဲ့ Vlog လေးတွေ ပြုလုပ် လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ မှာလည်း ”သီချင်းတွေ နဲ့ နှစ်တွေ အကြာကြီး ဝေးကွာခဲ့ပေမယ့် ပထမဆုံး ပြန်ဆိုဖြစ်ခဲ့တဲ့ အငွေ့အသက်များ သီချင်းလေးက ခုတော့ ကျွန်တော့်ဘဝအတွက် နောက်ထပ် မှတ်တိုင် တစ်ခုဖြစ်ခဲ့ ရပါပြီ။ JOOX 2020 Popular Song Award မှာ ကျွန်တော် နဲ့ ချမ်းမြေ့မောင်ချို တို့ရဲ့သီချင်းလေး က ဆုရရှိသွားတဲ့အတွက် အတိုင်းမသိ ဝမ်းသာကျေနပ် ပီတိ ဖြစ်ရပါတယ်ခင်ဗျာ။ကျွန်တော်ဘဝရဲ့ ပထမဆုံးရဖူးတဲ့ ပရိသတ်တွေ ကပေးတဲ့ ဂီတ နဲ့ ပက်သက်တဲ့ ဆုလေးဆိုလည်း မမှားပါဘူး။ ခုလိုမျိုး ဆု ရရှိအောင် အပြိုင် vote ပေးခဲ့ကြတဲ့ ကျနော့်ရဲ့ Fan တစ်ယောက်ချင်း ဆီတိုင်းရော၊ အထူးသဖြင့် မောင်ချို ရဲ့ Milestones များကို ကျေးဇူး အထူးအထူး တင်ပါတယ်ခင်ဗျာ။ ဒီသီချင်းကို အကောင်းဆုံး ရေးသား ဖန်တီးပေးခဲ့ တဲ့ ကိုသားကြီး နှင့် Music Producer JCZ ကို လည်း ကျေးဇူးအထူး တင်ပါတယ်။

ကျွန်တော် နောက်ထပ်သီချင်းတွေ ထပ်လုပ်ဖို့ ခွန်အားတွေ အများကြီးရသွားပါပြီ။ ကျွန်တော့် ပရိသတ်တွေ အတွက် ဒီထပ်ပိုကောင်း တဲ့ သီချင်းတွေနဲ့၂၀၂၁ မှာတင်ဆက် ပေးသွားနိုင်အောင် ကြိုးစားသွားပါမယ်ဗျာ။ Love you all!!!”ဆိုတဲ့ စာလေးနဲ့အတူ ၂၀၂၁ အစဟာ အဓိပ္ပါယ်ရှိသွားပြီဖြစ်ကြောင်း ပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Kyaw Phyo Htun