ပရိသတ်ကြီးရေ နိုင်ငံကျော် မင်းသားဥက္ကာမင်းမောင် ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို တစ်ခဲနက်ရရှိပိုင်ဆိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်နော်။မကြာသေးခင်လ အပိုင်းအခြားကလည်း သူရဲ့ခင်ပွန်းဟောင်း နဲ့လမ်းခွဲခဲ့ကြောင်းကို ပြောပြပြီး ယခုဆိုရင် တော့သူ့မှာ ချစ်သူအသစ်လေးရရှိ ထားတယ်လို့ပရိသတ်တွေကို အသိပေး ပြောကြားခဲ့ပြန်ပါတယ်။ဥက္ကာမင်းမောင်ဟာဆိုရင် အနုပညာ မောင်နှမအချင်းချင်း ရိုင်းပင်းကူညီလေ့ ရှိတာကြောင့်လည်း အားလုံးကချစ်ခင်နေကြတာ ဖြစ်ပါတယ်နော်။

ယခု လတ်တလော မှာလည်း အမေရိကန်နိုင်ငံ တွင် မကြာခင် ကျင်းပတော့မယ့်Miss Universe ပြိုင်ပွဲအား မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်ကို ခန်းမထဲထိ သွားရောက်ကာ အားပေးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။မနေ့က သူဇာဝင့်လွင်ရဲ့ Evening Gown တွေ ထည့်ထားတဲ့ အိတ်ကို LA လေဆိပ်တွင် ပျောက်ဆုံးခဲ့ပါတယ်။ဒါကို ဥက္ကာမင်းမောင်မှ တတ်နိုင်သလောက် ကူညီပေးနေတာ ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်း လောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် သူဇာဝင့်လွင်ရဲ့ အိတ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးသိရှိထားတဲ့ သတင်း အချက်အလက် တွေကို ပြောပြလာပါတယ်နော်။

ဥက္ကာမင်းမောင်က”မနက်က မစိုးယု​ဝေက ဆက်သွယ်လာတာ.. Candy ​လေးရဲ့ National Costume က New York က DHL မှာ ​ရောက်​နေ လို့တဲ့.. Miami ကို ဘယ်​နေ့​ ရောက်မလဲ မသိလို့ သူရင်တမမနဲ့ စိတ်ပူလို့ ကူညီလို့ရရင် ကူညီပါဆိုလို့ Tracking number ​ပေး​တယ်.. ကျွန်​တော်လည်း သွားထုတ်လို့ ရရင် သွားထုတ်ပြီး ကိုယ်တိုင် သယ်သွား​ပေးလို့ရတယ်လို့.. ဗုဒ္ဓဟူး​နေ့ မနက် Miami သွားမှာလို့ ​ပြောလိုက်တာ..အလုပ်မှာ ဆို​တော့လည်း ဖုန်း​အကြာကြီး​ပြောဖို့ အဆင်မ​ပြေ​တော့ Chrissy ကိုပဲ DHL ကိုဖုန်းဆက် စုံစမ်းလိုက်တာ သူ့ရဲ့ National Costume က ဒီ​နေ့ညပဲ New York က​နေMiami ကို ထွက်သွား မယ်​ပြောပါတယ်.. Flight အတိအကျ​တော့မသိပါတဲ့.. အကျိုးအ​ကြောင်း​တွေပြန်​ပြော​တော့မှ အမစိုးယု​ဝေလည်း စိတ်ပူ​နေတာ အလုံးကြီး​တော့ တစ်ဝက် ကျသွားတာ​ပေါ့​လေ.. Candy လက်ထဲ ဝတ်စုံ ​ရောက်မှဘဲ စိတ်​အေးရမယ်..Candy နဲ့ စကား​ပြောဖြစ်​တော့လည်း သူက စိတ် အရမ်းဖိစီး​နေတာ.. သနားပါတယ်..

ပြိုင်ရတဲ့သူက ပိုဖိစီးတာ​ပေါ့.. အခက်အခဲ​တွေ​ပေါင်းများစွာထဲက အိတ်​ပျောက်တဲ့ ဂယက်​တွေက ထပ်ဖြစ်​သေး​တော့..သူ့ခမျာလည်း မြန်မာနိုင်ငံ က​နေ မရရ​အောင်ထွက်လာပြီး စွန့်စားပြီးလာပြိုင်ရတာ..အား​ပေးရတာ​ပေါ့​လေ..သူ့ကိုလည်း စိတ်ညစ်ရင် မျက်နှာမှာ​ပေါ်တယ်.. လိုတာရှိ​ပြော.. ပြိုင်ပွဲကာလ အပြုံး ဘယ်တော့မှ မပျက်နဲ့.. အားလုံးအဆင်​ပြေသွားပါလိမ့်မယ်လို့ အား​ပေးရတယ်… သူ့ကြိုးစားမှူ​တွေအရာထင်ကျန်ခဲ့​စေချင်လို့.. သူ့ရဲ့ Final မှာ ဝတ်မယ့် evening gown ပါတဲ့ အိတ်က​တော့ သတင်းဘာမှ မရ​သေးပါဘူး.. ​ထူးရင် ​ပြောပါမယ်.. National Costume က​တော့ ဒီအတိုင်းဆို အချိန်မှီ​လေး​ရောက်သွားလိမ့်မယ်လို့​မျှော်လင့်ပါတယ်”ဆိုပြီးရေးသားထားပါတယ်နော်။ဝတ်စုံတွေ အချိန်မှီ ရောက်မလာလည်း ဗီယက်နမ်အလှမယ် မှ သူမသယ်လာတဲ့ ဝတ်စုံတွေကို ကူညီပေးသွားမှာ ဖြစ်တယ် လို့သိရှိရပါတယ်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Okkar Min Maung’s fb

Credit ; (Pay Phu Hlwar)

ZAW GYI






Credit ; (Pay Phu Hlwar)