


Source : WyneLay

UNICODE

အလှမယ် ၊ မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ ဝိုင်းလေး ကိုတော့ အဆိုတော် တစ်ယောက်အနေနဲ့ ပရိသတ်တွေ ရင်းနှီးကြမှာပါ။ ကိုယ်ပိုင် အယ်လ်ဘမ် တွေလည်း ထွက် ရှိထား သလို Cover သီချင်းတွေပြန်လည် သီဆိုတာကြောင့်လည်း ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာပါ။

အခုလို ဒီဇင်ဘာလ လေးမှာတော့ အချိန်အခါ နဲ့လိုက်ဖက်တဲ့ အချစ်သီချင်းကောင်း လေးကို ပရိသတ်တွေအတွက် Cover သီဆိုထားပါတယ်။ သီချင်းလေးကတော့ လူတိုင်းလိုလိုကြားဖူးတဲ့ Last Christmas သီချင်းလေး ဖြစ်ပါတယ်။ ဒီသီချင်းလေး ကိုတော့ အသံချိုချို ငြိမ်ငြိမ်လေး နဲ့ ချစ်စရာကောင်းအောင်သီဆို သွားတာကြောင့်လည်း ပရိသတ်တွေက ကြိုက်နှစ်သက် နေရတာလည်း ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်း အတွင်းမှာတော့ ခရစ္စမတ်နေ့ လေးကိုရောက်လာတော့မှာပါ။ ကိုဗစ် ကပ်ဆိုးကြီးကြောင့် လူတော်တော် များများကအိမ်အပြင် မထွက်ဖြစ်ပေမယ့် ဝိုင်းလေး ရဲ့သီချင်း ချိုချိုလေးကတော့ ပရိသတ်တွေကို ခရစ္စမတ် မှာပိုပြီးတော့အဓိပ္ပာယ် ပြည့်စုံစေပါလိမ့်မယ်။ ဒါကြောင့် Cover သီချင်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်နော်..

Source : WyneLay