



UNICODE

နာမည်ကြီး လူရွှင်တော်အ ဖွဲ့ ဖြစ်တဲ့ 5 Stars အဖွဲ့ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး က ပရိသတ် တွေကြားမှာ မသိသူ မရှိလောက်အောင် အောင်မြင် နေပြီးသား ဖြစ်ပါတယ် ။ ဆန်းသစ်တဲ့ ပြက်လုံးတွေ နဲ့ ပရိသတ်တွေ ကို မနားတမ်း ရယ်မောနေ ရအောင် ဖျော်ဖြေ တင်ဆက်ပေး တတ်တဲ့ ဖိုက်စတား အဖွဲ့ကို အားလုံးက ဝန်းရံ အားပေးနေကြတာ ဖြစ်ပါတယ် ။ ဖိုက်စတား အဖွဲ့လေး ကတော့ အဖွဲ့ဝင် တစ်ယောက်ချင်း စီမှာ ကိုယ်ပိုင် အရည်အချင်းရှိ လို့ အခုလို နာမည် ကျော်ကြားနေတာပဲ ဖြစ် ပါတယ် ။

ဖိုက်စတား အဖွဲ့သားတွေ အားလုံးက ညီအစ်ကိုတွေ လိုရင်းနှီးပြီး မိသားစု အရင်းအချာ တွေပမာ ချစ်ခ င်ကြတာပဲ ဖြစ်ပါတယ် ။ အလုပ်တွေကို အတူတ ကွ အတွဲညီညီ လုပ်ဆောင် တတ်တဲ့ သူတို့အဖွဲ့ အနေနဲ့ ကြော်ငြာတွေ ၊ ဇာတ်ကားတွေ အများအပြား ရိုက်ကူးခဲ့ရပြီပဲ ဖြစ်ပါတယ် ။ အခုလည်း သူတို့ အဖွဲ့လေးက Facebook Page ကတစ်ဆင့် Live လွှင့်ပြီး ပရိသတ်တွေ အတွက် ဖျော်ဖြေ တင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ ဒီနေ့ ညနေမှာလည်း အောင်မော် ၊ မျောက်ရှုံးနဲ့ကြာစိတို့က ဖျော်ဖြေပွဲ နဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကို အသိ ပေးခဲ့တာ ဖြစ်ပါတယ် ။

Facebook ကနေ Live လွှင့်ပြီး စကား တွေပြောနေတဲ့ မျောက်ရှုံး တို့အဖွဲ့ကတော့ တစ်ယောက်ကို တစ်ယောက် ဆေးထိုး စနောက်နေကြတာ လည်း ဖြစ်ပါတယ် ။ Live စစချင်းမှာ ပေါင်ကားပြီး အားရပါးရထိုင် နေတဲ့ အောင်မော် နဲ့မျောက်ရှုံးတို့ကတော့ ပရိသတ် တစ်ယောက် ပြောလိုက်တဲ့ စကားကြောင့် ချက်ချင်းပဲပုံစံပြောင်းပြီး ထိုင်ပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ အခွီတလိုင်း ဟာသ တွေပြောပြီး အူတက်အောင် ရယ်နေရတဲ့ ဖိုက်စတားအဖွဲ့ ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။

Source & Video Credit -“5Stars Entertainment” FB Page