


Chilli – CeleGabar
Source – Pan Yaung Chel

UNICODE

ပရိသတ်ကြီးရေ နာမည်ကြီး အဆိုတော်ကြီး ဖြစ်တဲ့ အဆိုတော် ဂရေဟမ် ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ် နဲ့ ပန်းသွန်းခြယ် တို့ ညီအစ်မ နှစ်ယောက်ကတော့ အနုပညာ လောက ကိုယ်ပိုင် အရည်အချင်းတွေ နဲ့ ရပ်တည် နေပြီပဲဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၁၄) ရက်နေ့လေး ကတော့ ပန်းရောင် နဲ့ ပန်းသွန်း တို့ညီအစ်မနှစ်ယောက်ရဲ့ မွေးနေ့ ရက်မြတ် ကျရောက်တဲ့ နေ့လေးပါ။

ပန်းရောင် နဲ့ ပန်းသွန်း တို့ ညီအစ်မ နှစ်ယောက်ကတော့ (၅) နှစ်ကြီး (၅) နှစ်ငယ် ညီအစ်မတွေ ဖြစ်ပေမဲ့ ထူးထူး ခြားခြား မွေးနေ့ ရက်က တစ်ရက်တည်း တူတဲ့ ညီအစ်မ တွေပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက် တဲ့ မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ပန်းရောင်နဲ့ ပန်းသွန်းက တော့ နာမည်ကြီး သီချင်းတစ်ပုဒ် ဖြစ်တဲ့ “Memories ” သီချင်းလေး ကို Cover အနေနဲ့ ပြန်လည်သီဆိုခဲ့ပြီး ပရိသတ်တွေအတွက် မွေးနေ့အမှတ်တရလက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။

ပန်းရောင်နဲ့ ပန်းသွန်း တို့ နှစ်ယောက်ရဲ့ ငယ်ဘဝ အမှတ်တရပုံလေး တွေကိုလည်း သီချင်းရဲ့ MTV လေးထဲမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါသေးတယ်။ Cele Gabar ပရိသတ်ကြီး ရေ ပန်းရောင်ခြယ် နဲ့ ပန်းသွန်းခြယ် တို့ ညီအစ်မ နှစ်ယောက်ရဲ့ မွေးနေ့ အမှတ်တရ သီဆိုခဲ့တဲ့ “Memories ” သီချင်းကို Cover ပြန်လည်သီဆိုထားတဲ့ ဗီဒီယို လေးကို မျှဝေ ဖော်ပြပေး လိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Pan Yaung Chel