Miss တစ်ယောက်ဖြစ်ဖို့ ဆိုတာတကယ်ကို မလွယ်ပါဘူး။ နိုင်ငံ ကိုယ်စားပြု Miss ဖြစ်ဖို့တောင် အတော်လေး ကြိုးစားရသလို တစ်ကမ္ဘာလုံးရဲ့ Miss ဖြစ်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ပါဘူး။ လက်ရှိ မြန်မာ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင် ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အများကြီး Speak Out လုပ်ပေးသလို ကိုယ်တိုင်လည်း တက်တက်ကြွကြွ ပါဝင်နေသူ တစ်ယောက်ပါ။

Miss တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အပြည့်အဝ ရှိနေသူမို့ နိုင်ငံတကာ Miss တွေကြားထဲမှာ မျက်နှာပန်းလှ သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။နိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံး ကလည်း ခြိမ့်ခြိမ့်သဲသဲ အားပေး နေကြပါတယ်။ အမဖြစ်သူ မေဟာလည်း ထူးချွန်တဲ့ ညီမလေးကို အပြည့်အဝ ပံ့ပိုးပေးပြီး နိုင်ငံ့ ဂုဏ်ကို ဆောင်နိုင်ဖို့အတွက် အားပေးနေခဲ့ပါတယ်။ မြန်မာအလှမယ် သူဇာဝင့်လွင် ဟာ နှစ်စဉ် နှစ်တိုင်း ကမ္ဘာအဆင့် အလှမယ်ပွဲ တွေကို အကြိုခန့်မှန်းပေးလေ့ရှိတဲ့ Siera Bearchell ရဲ့ အကြိုခန့်မှန်း Top 21 list မှာ နံပါတ် (၁၉) နေရာက ” She has special story, She is gorgeous ” ဆိုပြီး ဖော်ပြခြင်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာကျင်းပတဲ့ပွဲဖြစ်တာမို့ အမေရိကန် ရောက်မြန်မာတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ ကိုယ့်နိုင်ငံက အလှမယ်လေးကို မြန်မာအလံကိုင်ပြီး အားပေးမယ့်အကြောင်း ” မြန်မာအလံလေးရပြီ.. Miss Universe National Costume Competition ကျရင် အသားကုန် အော်ပြီလေ ကိုယ့်မြန်မာ အင်အားကနည်းတယ်ဆိုတော့ တတိုင်းပြည်လုံး ကိုယ်စား အသံကုန်ဟစ်အားပေးမယ် Chrissy A Hla ရေလိပ်ခေါင်းထွက်အောင် အော်ပါ နော်လို့.. ကိုယ့်မြန်မာမလေး ကို ဟဟဟ ” ဆိုပြီး အရွှန်းဖောက်ကာ ရေးသားခဲ့ပါတယ်။ စိတ်ဖိစီးမှုတွေ ကြားက အများကြီးကြိုးစားနေတဲ့ Candy ကို ပရိသတ်တွေကလည်း စိတ်ခွန်အားပေးတဲ့ စကားတွေပြောခဲ့ကြပါတယ်။

Photo Credit – Ye Htoo Win’s FB Acc

ZAW GYI

Miss တစ္ေယာက္ျဖစ္ဖို႔ ဆိုတာတကယ္ကို မလြယ္ပါဘူး။ နိုင္ငံ ကိုယ္စားျပဳ Miss ျဖစ္ဖို႔ေတာင္ အေတာ္ေလး ႀကိဳးစားရသလို တစ္ကမၻာလုံးရဲ့ Miss ျဖစ္ဖို႔ဆိုတာ ပိုလို႔ေတာင္မလြယ္ပါဘူး။ လက္ရွိ ျမန္မာ ကိုယ္စားျပဳသြားေရာက္ ယွဥ္ၿပိဳင္ေနတဲ့ အလွမယ္ သူဇာဝင့္လြင္ ဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အမ်ားႀကီး Speak Out လုပ္ေပးသလို ကိုယ္တိုင္လည္း တက္တက္ႂကြႂကြ ပါဝင္ေနသူ တစ္ေယာက္ပါ။

Miss တစ္ေယာက္မွာ ရွိသင့္တဲ့ အရည္အခ်င္းေတြ အျပည့္အဝ ရွိေနသူမို႔ နိုင္ငံတကာ Miss ေတြၾကားထဲမွာ မ်က္ႏွာပန္းလွ သူတစ္ေယာက္ျဖစ္ေနခဲ့ပါတယ္။နိုင္ငံကိုယ္စားျပဳ အလွမယ္ တစ္ေယာက္ျဖစ္တာေၾကာင့္ တစ္နိုင္ငံလုံး ကလည္း ၿခိမ့္ၿခိမ့္သဲသဲ အားေပး ေနၾကပါတယ္။ အမျဖစ္သူ ေမဟာလည္း ထူးခၽြန္တဲ့ ညီမေလးကို အျပည့္အဝ ပံ့ပိုးေပးၿပီး နိုင္ငံ့ ဂုဏ္ကို ေဆာင္နိုင္ဖို႔အတြက္ အားေပးေနခဲ့ပါတယ္။ ျမန္မာအလွမယ္ သူဇာဝင့္လြင္ ဟာ ႏွစ္စဥ္ ႏွစ္တိုင္း ကမၻာအဆင့္ အလွမယ္ပြဲ ေတြကို အႀကိဳခန႔္မွန္းေပးေလ့ရွိတဲ့ Siera Bearchell ရဲ့ အႀကိဳခန႔္မွန္း Top 21 list မွာ နံပါတ္ (၁၉) ေနရာက ” She has special story, She is gorgeous ” ဆိုၿပီး ေဖာ္ျပျခင္းခံခဲ့ရပါတယ္။

အေမရိကန္နိုင္ငံမွာက်င္းပတဲ့ပြဲျဖစ္တာမို႔ အေမရိကန္ ေရာက္ျမန္မာတစ္ေယာက္ျဖစ္တဲ့ ဥကၠာမင္းေမာင္ဟာ ကိုယ့္နိုင္ငံက အလွမယ္ေလးကို ျမန္မာအလံကိုင္ၿပီး အားေပးမယ့္အေၾကာင္း ” ျမန္မာအလံေလးရၿပီ.. Miss Universe National Costume Competition က်ရင္ အသားကုန္ ေအာ္ၿပီေလ ကိုယ့္ျမန္မာ အင္အားကနည္းတယ္ဆိုေတာ့ တတိုင္းျပည္လုံး ကိုယ္စား အသံကုန္ဟစ္အားေပးမယ္ Chrissy A Hla ေရလိပ္ေခါင္းထြက္ေအာင္ ေအာ္ပါ ေနာ္လို႔.. ကိုယ့္ျမန္မာမေလး ကို ဟဟဟ ” ဆိုၿပီး အရႊန္းေဖာက္ကာ ေရးသားခဲ့ပါတယ္။ စိတ္ဖိစီးမႈေတြ ၾကားက အမ်ားႀကီးႀကိဳးစားေနတဲ့ Candy ကို ပရိသတ္ေတြကလည္း စိတ္ခြန္အားေပးတဲ့ စကားေတြေျပာခဲ့ၾကပါတယ္။

Photo Credit – Ye Htoo Win’s FB Acc