ဇာတ္လမ္းတြဲေတြမ်ားစြာ မွာ ပါဝင္သ႐ုပ္ေဆာင္ ခဲ့ၿပီး တစ္နိုင္ငံလုံးက ပရိသတ္ေတြ ရဲ့ အားေပးမႈ ကို ရရွိေနတဲ့ ဘုန္းရွိန္ခန႔္ ကေတာ့ မတူညီတဲ့ ကာရိုက္တာမ်ိဳးစုံမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ “အခ်စ္သေကၤတ” ၊ “မေန႔ကျဖစ္သည္” ၊ “ပုဂံၿမိဳ႕သူ” ၊ “ခ်စ္ရပါေသာေႏြ” ၊ “ေႏြလယ္ညရဲ့လမင္း” စတဲ့ ဇာတ္လမ္းတြဲ ေတြမွာ မထပ္ သြားတဲ့ အိုက္တင္ အမူအယာေတြ နဲ႔ ကာရိုက္တာ ေပါင္းစုံကို ျပသနိုင္ခဲ့တာ ေၾကာင့္ ပရိသတ္ေတြ ခ်ီးက်ဴး ျခင္းခံရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ဒီကေန႔ မွာေတာ့ ဘုန္းရွိန္ခန႔္ က သူနဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြ ၾကားမွာ ေကာလ ဟာလျဖစ္ေန တဲ့ သတင္းတု တစ္ခုကို ေျဖရွင္းလာ ခဲ့တာကို ေတြ႕ရပါတယ္။

ဘုန္းရွိန္ခန႔္ က အြန္လိုင္း ဆယ္လီ ၿငိမ္းျမတ္သူ နဲ႔ MRTV-4 မွာ ဇာတ္လမ္းတြဲ အတူတူရိုက္ကူးမယ္ ဆိုတဲ့ သတင္းက အမွား ျဖစ္ေၾကာင္း ၿငိမ္းျမတ္သူကိုယ္တိုင္က မဟုတ္မွန္ ေၾကာင္း ေျပာလာတဲ့ Screenshot ေလးကို ျပသၿပီး “`MRTV-4’ ကို ခ်စ္တဲ့ ပရိတ္သတ္ မ်ားႏွင့္ `ကၽြန္ေတာ့္’ ကိုခ်စ္ေသာ ပရိတ္သတ္မ်ား ❗️အထင္မမွားေစခ်င္လို႔ပါဗ်။❗️ ပရိတ္သတ္အေယာက္စီတိုင္းကိုေက်းဇူးတင္ပါတယ္။” ဆိုၿပီး ပရိသတ္ေတြ အားလုံး သိေအာင္ ျပန္လည္ေျဖရွင္းလာခဲ့တာပဲ ျဖစ္ပါတယ္။

ၿငိမ္းျမတ္သူ ကေတာ့ ဘုန္းရွိန္ခန႔္ နဲ႔ အျပင္မွာ ဆုံတုန္း အမွတ္တရ ဓာတ္ပုံ ရိုက္ကူးခဲ့ရာ မွ ထိုဓာတ္ပုံကို Fake Acc က ယူသုံးၿပီး MRTV-4 မွာ ဇာတ္လမ္းတြဲအတူတူရိုက္ကူးမယ္ဆိုၿပီး ေကာလဟာသ သတင္းလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အခုဆိုရင္ အျဖစ္မွန္ကို သိရၿပီး သေဘာေပါက္နားလည္ သြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: PhomeShein Khant’s fb
Bilie – Cele Connections

UNICODE

ဇာတ်လမ်းတွဲတွေများစွာ မှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေ ရဲ့ အားပေးမှု ကို ရရှိနေတဲ့ ဘုန်းရှိန်ခန့် ကတော့ မတူညီတဲ့ ကာရိုက်တာမျိုးစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ “အချစ်သင်္ကေတ” ၊ “မနေ့ကဖြစ်သည်” ၊ “ပုဂံမြို့သူ” ၊ “ချစ်ရပါသောနွေ” ၊ “နွေလယ်ညရဲ့လမင်း” စတဲ့ ဇာတ်လမ်းတွဲ တွေမှာ မထပ် သွားတဲ့ အိုက်တင် အမူအယာတွေ နဲ့ ကာရိုက်တာ ပေါင်းစုံကို ပြသနိုင်ခဲ့တာ ကြောင့် ပရိသတ်တွေ ချီးကျူး ခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့ မှာတော့ ဘုန်းရှိန်ခန့် က သူနဲ့ ပက်သတ်ပြီး ပရိသတ်တွေ ကြားမှာ ကောလ ဟာလဖြစ်နေ တဲ့ သတင်းတု တစ်ခုကို ဖြေရှင်းလာ ခဲ့တာကို တွေ့ရပါတယ်။

ဘုန်းရှိန်ခန့် က အွန်လိုင်း ဆယ်လီ ငြိမ်းမြတ်သူ နဲ့ MRTV-4 မှာ ဇာတ်လမ်းတွဲ အတူတူရိုက်ကူးမယ် ဆိုတဲ့ သတင်းက အမှား ဖြစ်ကြောင်း ငြိမ်းမြတ်သူကိုယ်တိုင်က မဟုတ်မှန် ကြောင်း ပြောလာတဲ့ Screenshot လေးကို ပြသပြီး “`MRTV-4’ ကို ချစ်တဲ့ ပရိတ်သတ် များနှင့် `ကျွန်တော့်’ ကိုချစ်သော ပရိတ်သတ်များ ❗️အထင်မမှားစေချင်လို့ပါဗျ။❗️ ပရိတ်သတ်အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။” ဆိုပြီး ပရိသတ်တွေ အားလုံး သိအောင် ပြန်လည်ဖြေရှင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ငြိမ်းမြတ်သူ ကတော့ ဘုန်းရှိန်ခန့် နဲ့ အပြင်မှာ ဆုံတုန်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ရာ မှ ထိုဓာတ်ပုံကို Fake Acc က ယူသုံးပြီး MRTV-4 မှာ ဇာတ်လမ်းတွဲအတူတူရိုက်ကူးမယ်ဆိုပြီး ကောလဟာသ သတင်းလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် အဖြစ်မှန်ကို သိရပြီး သဘောပေါက်နားလည် သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: PhomeShein Khant’s fb
Bilie – Cele Connections