ျမန္မာ ပရိသတ္ေတြကို အျမဲတမ္း ဂုဏ္ယူေစခဲ့တဲ့ သ႐ုပ္ေဆာင္ နဲ႔ အဆိုေတာ္ စိုင္းစိုင္းခမ္းလွိုင္ က ဒီကေန႔မွာလည္း ေတာင္ကိုရီးယား နိုင္ငံက နာမည္ႀကီး Kpop အဆိုေတာ္ Park Bom နဲ႔ အမိုက္စား သီခ်င္းတစ္ပုဒ္ထြက္ရွိလို႔ လာျပန္ပါၿပီ။ သီခ်င္းရဲ့ နာမည္က Red Light လို႔အမည္ရၿပီး ျမန္မာနိုင္ငံက ထိပ္တန္း အဆိုေတာ္နဲ႔ ေတာင္ကိုရီးယား နိုင္ငံက ကမၻာေက်ာ္ အဆိုေတာ္ တို႔ ပူးေပါင္းစီစဥ္တဲ့ သီခ်င္း ျဖစ္တာေၾကာင့္ ႏွစ္ဖက္နိုင္ငံက ပရိသတ္ေတြက အရမ္းကို ေမၽွာ္လင့္ ထားခဲ့တာပဲ ျဖစ္ပါတယ္။ ေမၽွာ္လင့္ထားသလိုပဲ သီခ်င္းေလး ကေတာ့ ပရိသတ္ေတြ အႀကိဳက္နဲ႔ ထပ္တူက်ခဲ့ကာ သီခ်င္း MV မွာေတာ့ စိုင္းစိုင္းခမ္းလွိုင္ နဲ႔ Park Bom ကို တြဲဖက္ၿပီး ျမင္ခြင့္မရရွိခဲ့ပါဘူး။

ထိုသီခ်င္းေလး နဲ႔ ပက္သတ္ၿပီး စိုင္းစိုင္းခမ္းလွိုင္က “My Dear Fans , ကၽြန္ေတာ္ မူလက စိတ္ကူး ယဥ္ထားတာကေတာ့ သီခ်င္းလည္း ဟိုမွာသြင္းမယ္ Video လည္း သြားရိုက္ခ်င္တာပါ။ ဒါေပမယ့္ ကမၻာ့ ကပ္ေရာဂါ အေျခအေနအရ သီခ်င္းကို တနိုင္ငံစီ သပ္သပ္စီခြဲသြင္းခဲ့ရပါတယ္။ Video ကိုလည္း Making Version အေနနဲ႔ Studio မွာ အသံသြင္းတဲ့ပုံေတြနဲ႔ပဲ ဆက္ဖို႔ျဖစ္သြားပါတယ္။ ကၽြန္ေတာ္ ဘက္ကေတာ့ ( Sponsor ေတြရွိတာလည္းတေၾကာင္းေပါ့ ) တစ္ရက္ သပ္သပ္ထပ္ၿပီး အဆိုအ႐ုပ္ေတြ ထပ္ရိုက္ခဲ့ပါတယ္ BOM ဘက္ကလည္း သူ႔ရဲ့ Fan Meeting က Footage ေတြ အမွတ္တရ အသုံးျပဳဖို႔ ပို႔ေပးခဲ့ပါတယ္ ”

“ပါဝင္ကူညီ သူေတြအားလုံးနဲ႔ ပံ့ပိုးေပးတဲ့ uab bank, SAMSUNG, NESCAFÉ, MG Myanmar, V-ROHTO cool စတဲ့ Sponsor မ်ားကိုေက်းဇူးတင္ပါတယ္ ( ဒီသီခ်င္း English Version ရဲ့ သံစဥ္စာသားကို ေအာက္ပါ Artists မ်ားက ဝိုင္းဝန္း ဖန္တီးေပးထားတာျဖစ္ပါတယ္။ သဘက္ခါမနက္မွာ ကၽြန္ေတာ္ေရးထားတဲ့ ျမန္မာစာသား နဲ႔ ထြက္ပါမယ္။ KOREAN + MYANMAR VERSION
23 ရက္ေန႔ ပါခင္ဗ်ာ♥️♥️♥️ ) “ဆိုၿပီး ပရိသတ္ေတြကို သတင္းေကာင္းပါးလာခဲ့ပါတယ္။

Red Light သီခ်င္းမွာေတာ့ စိုင္းစိုင္းခမ္းလွိုင္ နဲ႔ Park Bom တို႔ တြဲဖက္ သ႐ုပ္ေဆာင္ခြင့္မရရွိပဲ အသံသြင္းေနစဥ္အခ်ိန္က ဗီဒီယိုေတြကိုပဲ MV အတြက္ အသုံးျပဳခဲ့တာပဲ ျဖစ္ပါတယ္။ လာမယ့္ ဒီဇင္ဘာ (၂၃) ရက္ေန႔မွာလည္း KOREAN + MYANMAR VERSION က ထြက္ရွိဦး မွာမို႔ ပရိသတ္ႀကီးက ေစာင့္ေမၽွာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

CopySource: Sai Sai Kham Leng ‘s fb

Bilie – Cele Connections

UNICODE

မြန်မာ ပရိသတ်တွေကို အမြဲတမ်း ဂုဏ်ယူစေခဲ့တဲ့ သရုပ်ဆောင် နဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် က ဒီကနေ့မှာလည်း တောင်ကိုရီးယား နိုင်ငံက နာမည်ကြီး Kpop အဆိုတော် Park Bom နဲ့ အမိုက်စား သီချင်းတစ်ပုဒ်ထွက်ရှိလို့ လာပြန်ပါပြီ။ သီချင်းရဲ့ နာမည်က Red Light လို့အမည်ရပြီး မြန်မာနိုင်ငံက ထိပ်တန်း အဆိုတော်နဲ့ တောင်ကိုရီးယား နိုင်ငံက ကမ္ဘာကျော် အဆိုတော် တို့ ပူးပေါင်းစီစဉ်တဲ့ သီချင်း ဖြစ်တာကြောင့် နှစ်ဖက်နိုင်ငံက ပရိသတ်တွေက အရမ်းကို မျှော်လင့် ထားခဲ့တာပဲ ဖြစ်ပါတယ်။ မျှော်လင့်ထားသလိုပဲ သီချင်းလေး ကတော့ ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့ကာ သီချင်း MV မှာတော့ စိုင်းစိုင်းခမ်းလှိုင် နဲ့ Park Bom ကို တွဲဖက်ပြီး မြင်ခွင့်မရရှိခဲ့ပါဘူး။

ထိုသီချင်းလေး နဲ့ ပက်သတ်ပြီး စိုင်းစိုင်းခမ်းလှိုင်က “My Dear Fans , ကျွန်တော် မူလက စိတ်ကူး ယဉ်ထားတာကတော့ သီချင်းလည်း ဟိုမှာသွင်းမယ် Video လည်း သွားရိုက်ချင်တာပါ။ ဒါပေမယ့် ကမ္ဘာ့ ကပ်ရောဂါ အခြေအနေအရ သီချင်းကို တနိုင်ငံစီ သပ်သပ်စီခွဲသွင်းခဲ့ရပါတယ်။ Video ကိုလည်း Making Version အနေနဲ့ Studio မှာ အသံသွင်းတဲ့ပုံတွေနဲ့ပဲ ဆက်ဖို့ဖြစ်သွားပါတယ်။ ကျွန်တော် ဘက်ကတော့ ( Sponsor တွေရှိတာလည်းတကြောင်းပေါ့ ) တစ်ရက် သပ်သပ်ထပ်ပြီး အဆိုအရုပ်တွေ ထပ်ရိုက်ခဲ့ပါတယ် BOM ဘက်ကလည်း သူ့ရဲ့ Fan Meeting က Footage တွေ အမှတ်တရ အသုံးပြုဖို့ ပို့ပေးခဲ့ပါတယ် ”

“ပါဝင်ကူညီ သူတွေအားလုံးနဲ့ ပံ့ပိုးပေးတဲ့ uab bank, SAMSUNG, NESCAFÉ, MG Myanmar, V-ROHTO cool စတဲ့ Sponsor များကိုကျေးဇူးတင်ပါတယ် ( ဒီသီချင်း English Version ရဲ့ သံစဉ်စာသားကို အောက်ပါ Artists များက ဝိုင်းဝန်း ဖန်တီးပေးထားတာဖြစ်ပါတယ်။ သဘက်ခါမနက်မှာ ကျွန်တော်ရေးထားတဲ့ မြန်မာစာသား နဲ့ ထွက်ပါမယ်။ KOREAN + MYANMAR VERSION
23 ရက်နေ့ ပါခင်ဗျာ♥️♥️♥️ ) “ဆိုပြီး ပရိသတ်တွေကို သတင်းကောင်းပါးလာခဲ့ပါတယ်။

Red Light သီချင်းမှာတော့ စိုင်းစိုင်းခမ်းလှိုင် နဲ့ Park Bom တို့ တွဲဖက် သရုပ်ဆောင်ခွင့်မရရှိပဲ အသံသွင်းနေစဉ်အချိန်က ဗီဒီယိုတွေကိုပဲ MV အတွက် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ (၂၃) ရက်နေ့မှာလည်း KOREAN + MYANMAR VERSION က ထွက်ရှိဦး မှာမို့ ပရိသတ်ကြီးက စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Sai Kham Leng ‘s fb
Bilie – Cele Connections