အဆိုတော် မီးနို နဲ့ သရုပ်ဆောင် ဆောင်းယွန်းစံ တို့ကတော့ လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေအနေ တွေ မှာ ပြည်သူတွေ နဲ့ အတူ ရပ်တည် ကာ လှူဒါန်းမှု့ တွေ ဆက်တိုက် ပြုလုပ် နေသူပဲ ဖြစ်ပါတယ်..။လိုအပ် နေတဲ့ ပြည်သူတွေ အ တွက် တတ်နိုင် သလောက် ဖေးမ ကူညီနေပြီး လတ်တလော မှာ လူမှု့ ကွန်ယက် ပြန့်နှံ့နေတဲ့ မီးနိုရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆောင်းယွန်းစံ က ဖြေရှင်း ပြောပြ လာပါတယ်..။

PDF တွေကို ရိက္ခာထောက်ပံ့ လို့ မီးနို ကို စကစ တပ်တွေ လိုက်ဖမ်း နေတယ် ဆိုတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး သူငယ်ချင်း ဖြစ်သူ ဆောင်းယွန်းစံ က အဖြစ်မှန်တွေကို ပြောပြ ထားတာ ဖြစ်ပါတယ်။ ဒီ သတင်းတွေဟာ ဘယ်က စလိုက်မှန်း မသိ တဲ့ ကောလ ဟာလ သတင်းအမှားတွေ သာဖြစ်ပြီး သူမ အနေ နဲ့ လည်း ရုတ်တရက် စိတ်ပူသွား တဲ့ အကြောင်းတွေ အပြင် သတင်းအမှားတွေ ကြောင့် သူငယ်ချင်း ဖြစ်သူကို အခက်အခဲ မဖြစ် စေချင်လို့ ပြန်ဖျက် ပေးကြဖို့ ပြောပြထားတာပါ..။”မီးနိုနဲ့ပတ်သတ်ပြီး ဒီရက်ပိုင်းသတင်းမှားတွေကိုတွေ့နေရတယ်..PDF တွေကို ရိက္ခာထောက်ပံ့လို့ စစ်သားတွေလိုက်နေတဲ့အကြောင်း..

ဒါပေမဲ့ မီးနိုက ဒီကာလမှာ စားဝတ်နေရေး မပြေလည်တဲ့ သူတွေကို ကူညီပေးနေတာပါ။.အခုလို သတင်းအမှား တွေကြောင့် သူ့ကို အခက်အခဲ တွေမဖြစ်စေချင်ဘူး တင်ထားတဲ့ သူတွေကိုလည်း ပြန်ဖျက်စေချင်ပါတယ်..” ဆိုပြီး ဆောင်းယွန်းစံက ပြောပြထားတာ ဖြစ်ပါတယ်။သတင်းအမှားတွေ နဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေ ကလည်း မီးနို အတွက် စိတ်ပူနေ ခဲ့ ကြရပေမယ့် အခုလိုဖြေရှင်း ပြောပြလာလို့ စိတ်အေးကြရမယ်လို့ထင်ပါတယ်။ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီ
တိုင်းကို လည်း ကျေးဇူးအထူးတင်ရှိပါတယ် ။

source: Saung Yoon San Facebook acc

ZAWGYI



