



UNICODE

ပရိသတ်တွေ ရဲ့ အချစ်တော်လေး ဖြစ်တဲ့ ပိုပို ကတော့ ပရိသတ်တွေ အကြိုက်တွေ့စေတဲ့ သီချင်းကောင်းလေးတွေ ထွက်ရှိထားပြီး ဂီတလောကမှာ အချိန်တော်ကြာ အောင်မြင်နေတဲ့ အဆိုတော်ပဲ ဖြစ်ပါတယ်နော်….။ သူမဟာ သီချင်းအေးအေးလေး တွေရော မြူးမြူးလေး တွေကိုပါ လိုက်ဖက်အောင် သီဆိုနိုင်တဲ့ အသံပိုင်ရှင် လေးဖြစ်ပြီး ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ ပိုပိုဟာ သီချင်းသစ်တွေ ကို ဆက်တိုက်ဖန်တီး နေတဲ့သူလည်းဖြစ်ကာ သူမကိုယ်တိုင်လည်း studio ထောင်ထားတာဖြစ်ပါတယ်နော်…..။

သီချင်းကောင်းလေးတွေ ကို ပရိသတ်ရင်ထဲ ရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော် မလေး ပိုပိုဟာ ဆိုရင် ကိုယ်တိုင်လည်း သီချင်းတွေ ရေးစပ်သီဆိုတာလည်းဖြစ်ပြီး music video တိုင်းလိုလို မှာလည်း သူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်လေ့ ရှိတာလည်း တွေ့ရပါတယ်။ အခုဆိုရင်လည်း ပိုပိုဟာ ခန္ဓာကိုယ် ကျစ်လျစ်လှပနေဖို့အတွက် လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်နေတာ ဖြစ်ပါတယ်နော်….။

ပိုပိုဟာ မကြာသေးမီ ကသူမရဲ့ Facebook စာမျက်နှာလေးမှာ “မောင့် ကို ကာကွယ်ဖို့ လက်ဝှေ့ စ သင်နေပီလေ။မောင့်နား ကပ်တဲ့ ကောင်မလေးတွေ သတိသာထား မောင် ရှူပ်တဲ့ သတင်းကြားရင် လဲမောင့် အတွက် 😠😡 👊🏽👊🏽👊🏻” ဆိုပြီး ရေးသားကာ လက်ဝှေ့ထိုးကြိုးစား လေ့ကျင်နေတဲ့ ဗီဒီယို လေးကိုတင်ပေးလာပါတယ်။ ကဲ….ပရိသတ်တွေ အတွက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Po Po’s Facebook page