



unicode

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော် ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေတာ ဖြစ်ပါတယ် ။ Sinon က မြန်မာနိုင်ငံကို အလုပ်ကိစ္စနဲ့ လာရောက်ခဲ့ရာမှ အနုပညာအလုပ် တွေကို တဖြည်းဖြည်းနဲ့ လုပ်ကိုင်လာရတာ ဖြစ်ပါတယ် ။ အလှူအတန်း ရက်ရောပြီး စေတနာသဒ္ဓါတရား ထက်သန်တာကြောင့်လည်း Sinon က မြန်မာနိုင်ငံ မှာနေထိုင်နေစဉ် ကာလအတွင်းမှာ နွမ်းပါးချို့တဲ့သူတွေကို ကူညီလှူဒါန်းနေတာလည်း ဖြစ်ပါတယ် ။

Sinon က ပေါင်းသင်းဆက်ဆံ ရေးကောင်းပြီ ဖော်ရွေတတ်သူပီပီ အားလုံးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်တတ်တာကြောင့် လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့ပါ ခင်မင်ရင်းနှီး နေပြီဖြစ်တဲ့ Sinon က အခုလည်း Project K အဖွဲ့သားတွေနဲ့အတူ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ် ။ Project K အဖွဲ့ဝင်သုံးယောက်ကတော့ Sinon အတွက် သီချင်းလေးတစ်ပုဒ်သီဆိုပြပြီး ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ် ။

Sinon ကလည်း သူ့ကိုဂရုတစိုက်နဲ့ ပြုစုယုယ ပေးနေတဲ့ ကောင်ချောလေးသုံးယောက်ကြောင့် ရှက်ကိုး ရှက်ကန်းတွေဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Sinon က Project K အဖွဲ့သားတွေခွံ့ကျွေးတဲ့ အသီးတွေစားပြီး ပလုတ်ပလောင်း ဖြစ်နေတဲ့ ပုံစံလေးကလည်း တကယ့်ကို ခွီနေရတာ ဖြစ်ပါတယ် ။ ကဲ Project K အဖွဲ့က ကောင်လေးသုံးယောက် ရဲ့ဖော်ရွေတဲ့အပြုအမူ‌တွေကြောင့် ပျော်နေတဲ့ Sinon ရဲ့ အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sinon Loresca’s Tik Tok Acc