မင္းသားေခ်ာ နိုင္းနိုင္း ကေတာ့ ႐ုပ္ရည္ ၊ အရပ္အေမာင္း ၊ ခႏၶာကိုယ္ အခ်ိဳးအစား အျပင္ သ႐ုပ္ေဆာင္ စြမ္းရည္ ကလည္း ေျပာစရာ မလိုေအာင္ ၿပီးျပည့္စုံ သူမို႔ ပရိသတ္ေတြ ရဲ့ အားေပး လက္ခံျခင္း ကို ႏွစ္ေပါင္း မ်ားစြာ ရရွိထားသူပါ။ အႏုပညာ သက္တမ္း ႏွစ္ (၂၀) ပတ္ဝန္းက်င္ မွာ အကယ္ဒမီဆုေတြ နဲ႔ အႀကိမ္ႀကိမ္ လြဲေခ်ာ္ ေနတဲ့ နိုင္းနိုင္း က သူ႔ရဲ့ေအာင္ျမင္မႈ ကိုေတာ့ ယိမ္းယိုင္ သြားျခင္း မရွိေအာင္ ဒီေန႔ဒီ အခ်ိန္ထိ ထိန္းသိမ္း ထားနိုင္ဆဲ ျဖစ္ပါတယ္။ နိုင္းနိုင္းကလည္း သူခ်စ္တဲ့ မိသားစုေတြနဲ႔ တစ္နိုင္ငံစီ ခြဲေနတဲ့ အထိေအာင္ အႏုပညာ အလုပ္ေတြကို စြဲစြဲလန္းလန္းလုပ္ ကိုင္ေနဆဲ ျဖစ္ပါတယ္။

ႏွစ္ေပါင္း (၂၀) ေက်ာ္တိုင္ ေအာင္ျမင္မႈ ေတြ တဖြဲဖြဲ ရရွိပိုင္ဆိုင္ ထားတဲ့ နိုင္းနိုင္း က သူေလးစား အားက် ရတဲ့ အႏုပညာရွင္ ေတြနဲ႔ ဆိုရင္ေတာ့ ပရိသတ္တစ္ေယာက္လို ျပန္ျဖစ္သြား တတ္တာ ပရိသတ္ႀကီး သိၿပီးသား ျဖစ္မွာပါ။ ဒီတစ္ေခါက္မွာ လည္း နိုင္းနိုင္း က သူ႔ရဲ့ ငယ္စဥ္ လူငယ္ဘဝက တည္းက စြဲစြဲလန္းလန္း ႀကိဳက္ႏွစ္ သက္ခဲ့ရတဲ့ Rock အဆိုေတာ္ ေလးျဖဴ နဲ႔ ဆုံေတြ႕ ခဲ့ၿပီး ပရိသတ္ တစ္ေယာက္လို ဓာတ္ပုံတြဲ ရိုက္ကာ သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာကေနတဆင့္ ျပန္လည္မၽွေဝ ေပးလာတာ ကို ေတြ႕ရပါတယ္။

နိုင္းနိုင္း ကေတာ့ နိုင္ငံေက်ာ္ မင္းသားတစ္ေယာက္ ဆိုေပမယ့္ Rocker ႀကီးေလးျဖဴ နဲ႔ ဆုံေတြ႕ခ်ိန္မွာ ေတာ့ ပရိသတ္ တစ္ေယာက္ျပန္ ျဖစ္သြားခဲ့တာ တကယ့္ကို ခ်စ္စရာ ေကာင္းလွပါတယ္။ ပရိသတ္ႀကီး လည္း အႏုပညာနယ္ ပယ္အသီးသီးက နာမည္ ႀကီးႏွစ္ေယာက္ ကို တစ္ေနရာတည္း မွာ အတူတကြ ေတြ႕ျမင္ရလို႔ သေဘာက် ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံး သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ေနာ္။

Source: Actor 99’s fb
Bilie – Cele Connections

UNICODE

မင်းသားချော နိုင်းနိုင်း ကတော့ ရုပ်ရည် ၊ အရပ်အမောင်း ၊ ခန္ဓာကိုယ် အချိုးအစား အပြင် သရုပ်ဆောင် စွမ်းရည် ကလည်း ပြောစရာ မလိုအောင် ပြီးပြည့်စုံ သူမို့ ပရိသတ်တွေ ရဲ့ အားပေး လက်ခံခြင်း ကို နှစ်ပေါင်း များစွာ ရရှိထားသူပါ။ အနုပညာ သက်တမ်း နှစ် (၂၀) ပတ်ဝန်းကျင် မှာ အကယ်ဒမီဆုတွေ နဲ့ အကြိမ်ကြိမ် လွဲချော် နေတဲ့ နိုင်းနိုင်း က သူ့ရဲ့အောင်မြင်မှု ကိုတော့ ယိမ်းယိုင် သွားခြင်း မရှိအောင် ဒီနေ့ဒီ အချိန်ထိ ထိန်းသိမ်း ထားနိုင်ဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကလည်း သူချစ်တဲ့ မိသားစုတွေနဲ့ တစ်နိုင်ငံစီ ခွဲနေတဲ့ အထိအောင် အနုပညာ အလုပ်တွေကို စွဲစွဲလန်းလန်းလုပ် ကိုင်နေဆဲ ဖြစ်ပါတယ်။

နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှု တွေ တဖွဲဖွဲ ရရှိပိုင်ဆိုင် ထားတဲ့ နိုင်းနိုင်း က သူလေးစား အားကျ ရတဲ့ အနုပညာရှင် တွေနဲ့ ဆိုရင်တော့ ပရိသတ်တစ်ယောက်လို ပြန်ဖြစ်သွား တတ်တာ ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခေါက်မှာ လည်း နိုင်းနိုင်း က သူ့ရဲ့ ငယ်စဉ် လူငယ်ဘဝက တည်းက စွဲစွဲလန်းလန်း ကြိုက်နှစ် သက်ခဲ့ရတဲ့ Rock အဆိုတော် လေးဖြူ နဲ့ ဆုံတွေ့ ခဲ့ပြီး ပရိသတ် တစ်ယောက်လို ဓာတ်ပုံတွဲ ရိုက်ကာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေတဆင့် ပြန်လည်မျှဝေ ပေးလာတာ ကို တွေ့ရပါတယ်။

နိုင်းနိုင်း ကတော့ နိုင်ငံကျော် မင်းသားတစ်ယောက် ဆိုပေမယ့် Rocker ကြီးလေးဖြူ နဲ့ ဆုံတွေ့ချိန်မှာ တော့ ပရိသတ် တစ်ယောက်ပြန် ဖြစ်သွားခဲ့တာ တကယ့်ကို ချစ်စရာ ကောင်းလှပါတယ်။ ပရိသတ်ကြီး လည်း အနုပညာနယ် ပယ်အသီးသီးက နာမည် ကြီးနှစ်ယောက် ကို တစ်နေရာတည်း မှာ အတူတကွ တွေ့မြင်ရလို့ သဘောကျ ကြမယ် ထင်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Source: Actor 99’s fb
Bilie – Cele Connections